အမေရိကန်နိုင်ငံရှိ ကိုယ်လက်လှုပ်ရှားမှု လိုအပ်သည့် လုပ်ငန်းခွင်တာဝန်များ၏ ၇၄ ရာခိုင်နှုန်းခန့်ကို လက်ရှိ စက်ရုပ်များက စွမ်းဆောင်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း Anthropic ၏ သုတေသနအသစ်က ဖော်ပြလိုက်ပါတယ်။ အလုပ်အကိုင် အမျိုးအစား ၉၀၀ ခန့်နှင့် လုပ်ငန်းဆောင်တာ ၁၉,၀၀၀ ကို လေ့လာဆန်းစစ်ခဲ့သည့် အဆိုပါ သုတေသနအရ လူသားတို့၏ ကိုယ်လက်လှုပ်ရှား လုပ်ဆောင်ရသည့် အလုပ်များသည် အမေရိကန် စုစုပေါင်း လုပ်ငန်းခွင်အချိန်များ၏ ၃၄ ရာခိုင်နှုန်းအထိ နေရာယူထားတာ ဖြစ်ပါတယ်။

Amazon dreams of replacing 600,000 workers with robots - Robot Magazine

သို့သော်လည်း နည်းပညာစွမ်းရည် မြင့်မားလာမှုသည် အမှန်တကယ် လုပ်ငန်းခွင်များ၌ လူသားများကို အစားထိုး အသုံးပြုနိုင်ရေးအတွက် တိုက်ရိုက် လမ်းခင်းမပေးနိုင်သေးဘဲ ကုန်ကျစရိတ် စိန်ခေါ်မှုက အဓိက အဟန့်အတား ဖြစ်နေပါတယ်။ လက်ရှိအချိန်မှာ စက်ရုပ်များသည် စုစုပေါင်း လုပ်ငန်းဆောင်တာများ၏ ၀.၃ ရာခိုင်နှုန်းအတွက်သာ စီးပွားရေးအရ တွက်ခြေကိုက်သည့် အခြေအနေမှာ ရှိနေသေးတာပါ။ ဥပမာအားဖြင့် ပစ္စည်းထုပ်ပိုးသည့် လုပ်ငန်းတွင် စက်ရုပ်များသည် လုပ်ငန်း၏ ၉၇ ရာခိုင်နှုန်းအထိ လုပ်ဆောင်နိုင်သော်လည်း စက်ရုပ်စနစ် တပ်ဆင်ထိန်းသိမ်းစရိတ်မှာ ကုန်ကျစရိတ် မဟာတံတိုင်းကြီး ဖြစ်နေဆဲ ဖြစ်ပါတယ်။

Robots and AI Are Already Remaking the Chinese Economy - WSJ

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း စက်ရုပ်များ၏ စွမ်းဆောင်ရည်မှာ တစ်နှစ်လျှင် ၂ ရာခိုင်နှုန်းခန့် တိုးတက်လာပြီး ဈေးနှုန်းများမှာလည်း ၃ ရာခိုင်နှုန်းခန့် သက်သာလာခဲ့ပါတယ်။ အဆိုပါ တိုးတက်မှု အရှိန်အဟုန်အတိုင်း ဆက်လက်သွားမည်ဆိုပါက စက်ရုပ်များသည် လူသားများ၏ လုပ်ငန်းဆောင်တာ ၁၀ ရာခိုင်နှုန်းခန့်ကို ကုန်ကျစရိတ် သက်သာစွာဖြင့် ယှဉ်ပြိုင်အစားထိုးနိုင်ရန် အနည်းဆုံး နှစ်ပေါင်း ၄၀ ခန့် စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။

Ref : Technology Innovation