တန်ဖိုး ဒေါ်လာ ၁,၉၉၉ ပေးရမယ့် iPhone Duo လို့ အမည်ရတဲ့ ပထမဆုံး ခေါက်ဖုန်းအသစ်ကို Apple က မိတ်ဆက်လိုက်ချိန်မှာတော့ ပြိုင်ဘက် အကြီးစားကြီး Samsung ဆီကနေ အပြင်းအထန် လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ Apple ရဲ့ အမှုဆောင်အရာရှိချုပ် ဂျွန်တာနပ်စ်ကတော့ အဲဒီဖုန်းဟာ မူလ iPhone ပြီးရင် အကြီးမားဆုံး ဆန်းသစ်ပြောင်းလဲမှုကြီး ဖြစ်တယ်လို့ ဂုဏ်ယူဝင့်ကြွားခဲ့ပေမယ့် Samsung ကတော့ ဆိုရှယ်မီဒီယာပေါ်မှာ “ငါတို့ရဲ့ အကြွင်းအကျန်တွေကို ပြန်နွှေးလို့ ပြီးရင် ပြောပါဦး” ဆိုပြီး ခနဲ့တဲ့တဲ့ တုံ့ပြန်ခဲ့ပါတယ်။
တကယ်တော့ Samsung ဟာ Apple ထက် ၇ နှစ်လောက်စောပြီး ၂၀၁၉ ခုနှစ်ကတည်းက ခေါက်ဖုန်းဈေးကွက်ကို ဦးဆောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ မော်ဒယ်ပေါင်း ၂၀ လောက်တောင် ထုတ်လုပ်ထားခဲ့ပြီ ဖြစ်ပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ အခုလို Apple ကို လှောင်ပြောင်တဲ့ အထဲမှာ ဘာသာစကားသင်ကြားရေးအက်ပ် Duolingo လည်း ပါဝင်လာတာပါ။ သူတို့ရဲ့ နာမည်ကြီး ဇီးကွက်လိုဂိုနာမည် Duo ကို ယူသုံးတဲ့အပေါ် Duolingo က ပြောင်မြောက်စွာနဲ့ ဝင်ရောက်နောက်ပြောင်ခဲ့ပါတယ်။
ဒီလို ဝေဖန်လှောင်ပြောင်မှုတွေ အများကြီး ထွက်ပေါ်နေပေမယ့်လည်း Apple ဘက်ကတော့ လုံးဝ နောက်ဆုတ်သွားမယ့်ပုံ မပေါ်ပါဘူး။ အမှုဆောင်အရာရှိချုပ် ဂျွန်တာနပ်စ်က တခြား ပြိုင်ဘက်တွေရဲ့ ခေါက်ဖုန်းတွေဟာ ဖုန်းနှစ်လုံးကို အတင်းအကျပ် ကပ်ထားသလိုမျိုး ဖြစ်နေပြီး သူတို့ရဲ့ iPhone Duo ကတော့ ဘယ်သူနဲ့မှမတူတဲ့ လုံးဝအသစ် ဖန်တီးထားတဲ့ ဒီဇိုင်းဖြစ်တယ်လို့ မိတ်ဆက်ပွဲမှာ ပြတ်ပြတ်သားသား တန်ပြန်ပြောဆိုသွားခဲ့ပါတယ်။
Ref : entrepreneur
