ကမ္ဘာမြေကြီး ရေရှည်တည်ငြိမ်ပြီး သဘာဝပတ်ဝန်းကျင် ဘေးကင်းလုံခြုံဖို့ သတ်မှတ်ထားတဲ့ ပင်မဂေဟစည်းမျဉ်း ၉ ခုအနက် ၇ ခုအထိ အန္တရာယ်ရှိတဲ့အဆင့်ကို ကျော်လွန်သွားပြီလို့ သုတေသနပညာရှင် ၆၀ ကျော် ထုတ်ပြန်ခဲ့တဲ့ ၂၀၂၆ Planetary Health Check  အစီရင်ခံစာက သတိပေးလိုက်ပါတယ်။ ဂျာမနီနိုင်ငံ ပို့စ်ဒမ် ရာသီဥတုထိခိုက်မှုသုတေသနအင်စတီကျုက ဦးဆောင်လေ့လာခဲ့တဲ့ ဒီအစီရင်ခံစာမှာ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲပျက်စီးမှု၊ သစ်တောနဲ့ မြေပြင်အသုံးချမှု ပြောင်းလဲမှု၊ ရေချိုသုံးစွဲမှု၊ ဓာတုညစ်လှမ်းမှုနဲ့ ပင်လယ်ရေထု အက်စစ်ဓာတ်ကိန်း မြင့်တက်မှု အပါအဝင် စည်းမျဉ်း ၇ ခုစလုံးဟာ သမိုင်းတစ်လျှောက် စိုးရိမ်စရာကောင်းတဲ့ ဝန်ပိမှုအမြင့်ဆုံးအဆင့်ကို ရောက်ရှိနေတာပါ။ ပင်လယ်ရေထု အက်စစ်ဓာတ်ကိန်းဆိုရင် ၂၀၂၅ ခုနှစ်မှာပဲ စိုးရိမ်ဖွယ်ရာ စတင်ကျော်လွန်ခဲ့တာဖြစ်ပါတယ်။

The 9 limits of our planet … and how we've raced past 4 of them |

အခုလို ဘေးကင်းရေးစည်းမျဉ်းအများစု ကျော်လွန်နေတာဟာ ကမ္ဘာမြေအပေါ် ဖိအားတွေ အလွန်များနေတာကို ပြသနေပေမဲ့ ကမ္ဘာကြီးဟာ ချက်ချင်း နေထိုင်လို့မရတော့တဲ့အဆင့် ရောက်သွားတာတော့ မဟုတ်သေးဘူးလို့ သိပ္ပံပညာရှင်တွေက ရှင်းပြထားပါတယ်။ ဒါပေမဲ့ စနစ်တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာကြောင့် ဂေဟစနစ်အပေါ် ဖိအားတွေ ပိုမိုစုပုံလာပြီး နောက်ဆက်တွဲ ပြန်ပြင်လို့မရတဲ့ ရေရှည်ပျက်စီးမှုတွေ ဖြစ်ပေါ်လာနိုင်ခြေ အလွန်မြင့်မားနေတာဖြစ်ပါတယ်။

Earth Has Crossed 7 of 9 Limits Keeping It Safe for Humans. “Humanity Is  Pushing Beyond the Limits of a Safe Operating Space,” Scientists Say

လက်ရှိမှာတော့ အိုဇုန်းလွှာထိန်းသိမ်းမှုနဲ့ လေထုထဲက အမှုန်အမွှား ပါဝင်မှုဆိုင်ရာ စည်းမျဉ်း ၂ ခုသာ ဘေးကင်းတဲ့ ပုံမှန်အဆင့်မှာ ကျန်ရှိပါတော့တယ်။ ဒီထုတ်ပြန်ချက်ဟာ ကမ္ဘာပျက်တော့မယ်လို့ ကြိုတင်ဟောကိန်းထုတ်တာမဟုတ်ဘဲ လူသားတွေ ရေရှည်ရှင်သန်ရေးအတွက် ထောက်ပံ့ပေးထားတဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဝန်ပိနေမှုကို အချိန်မီ အသိပေးနှိုးဆော်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Ref : Technology Innovation