ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကြီးဖြစ်တဲ့ Solar Impulse 2 ဟာ မေလ ၄ ရက်နေ့က လူမပါဘဲ အလိုအလျောက်မောင်းနှင်တဲ့ စမ်းသပ်ပျံသန်းမှုပြုလုပ်နေစဉ်အတွင်း စွမ်းအင်ပြတ်တောက်သွားခဲ့ပြီးနောက် မက္ကဆီကိုပင်လယ်ကွေ့အတွင်း ပျက်ကျသွားခဲ့ရပါတယ်။ အဲဒီလေယာဉ်ဟာ ၂၀၁၆ ခုနှစ်တုန်းက ၁၆ လခွဲကြာခရီးစဉ်အတွင်း နေရောင်ခြည်စွမ်းအင်သက်သက်ကိုပဲ အသုံးပြုပြီး ကမ္ဘာ့ပတ်လမ်းကြောင်းအတိုင်း ပထမဆုံးအကြိမ် အောင်မြင်စွာ ပတ်ပျံသန်းနိုင်ခဲ့တဲ့ လေယာဉ်အဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့တာပါ။

What is the Solar Impulse 2 and how will it fly the globe with no fuel?

အဆိုပါ လေယာဉ်ဟာ ဘိုးအင်း ၇၄၇ ထက်တောင် ပိုပြီးကျယ်တဲ့ ၂၃၂ ပေရှိတဲ့ အတောင်ပံအကျယ်အဝန်း ရှိနေပေမယ့် ကာဗွန်ဖိုင်ဘာ (Carbon-fiber) နဲ့ တည်ဆောက်ထားတဲ့အတွက် လေယာဉ်တစ်စီးလုံးရဲ့ အလေးချိန်ဟာ ၅,၁၀၀ ပေါင်ပဲ ရှိပြီး ပေပေါင်း ၃၉,၀၀၀ အမြင့်အထိ ပျံသန်းနိုင်ပါတယ်။ ဒါ့အပြင် လျှပ်စစ်မော်တာ ၄ လုံးနဲ့ ၁,၄၀၀ ပေါင်အလေးချိန်ရှိတဲ့ ဘက်ထရီတွေကို စွမ်းအင်ပေးဖို့အတွက် နေရောင်ခြည်စွမ်းအင်သုံး ဆဲလ် (Solar cells) ပေါင်း ၁၇,၂၄၈ ခုကို အသုံးပြုထားတာဖြစ်ပြီး အလိုအလျောက်မောင်းနှင်စနစ် (Autopilot) ပါဝင်တဲ့အတွက် မောင်းနှင်သူအနေနဲ့ မိနစ် ၂၀ ကြာ တစ်ရေးတစ်မော အိပ်စက်ခွင့်ပါ ရရှိခဲ့ပါတယ်။

Solar Impulse 2 Becomes the First Fuel-Free Plane to Circumnavigate the  Globe

ဒီလေယာဉ်ကို နောက်ပိုင်းမှာ Skydweller Aero ကုမ္ပဏီဆီ ပြန်လည်ရောင်းချခဲ့တာဖြစ်ပြီး သူတို့ကတော့ စစ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် လူမပါဘဲ အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကင်းထောက်လေယာဉ်အဖြစ် ပြောင်းလဲတီထွင်ခဲ့တာ ဖြစ်ပါတယ်။

Ref : Fossbytes