တရုတ်နိုင်ငံ၊ ဇူးဟိုင်မြို့ရှိ Chimelong Spaceship Park ၏ အဖွင့်ဖျော်ဖြေပွဲမှာ AGIBOT ကုမ္ပဏီထုတ် Expedition A3 Ultra စက်ရုပ်နှစ်ရုပ်ဟာ CoolFly Urban အမျိုးအစား မတ်တပ်ရပ်စီး ပျံသန်းရေးယာဉ်များနဲ့အတူ ကောင်းကင်ထက် ပျံသန်းပြခဲ့ပါတယ်။ အရပ် ၁.၇၄ မီတာ၊ အလေးချိန် ၆၀ ကီလိုဂရမ်ရှိတဲ့ ဒီစက်ရုပ်များဟာ လှုပ်ရှားဆောင်ရွက်နိုင်စွမ်း ၅၁ မျိုးအထိ ပါဝင်ပြီး အသုံးပြုမှု အခြေအနေပေါ်မူတည်ကာ ၈ နာရီအထိ မနားတမ်း စွမ်းဆောင်နိုင်ကြပါတယ်။

ဒီ ပျံသန်းမှု ပြသတာဟာ AGIBOT နဲ့ Chimelong တို့ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Chimelong အပန်းဖြေဥယျာဉ်နဲ့ ဆက်စပ်ဟိုတယ်များမှာ ဧည့်ကြို၊ ဖျော်ဖြေရေး၊ လမ်းညွှန်၊ စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုနဲ့ အရောင်းအဝယ်ဆိုင်ရာ လုပ်ငန်းများအတွက် AGIBOT စက်ရုပ်ပေါင်း ၃၀၀ ကျော်ကို ဖြန့်ကျက် တာဝန်ပေးထားပါတယ်။

Chimelong's newest attraction might be the robots themselves - GadgetMatch

ဒါ့အပြင် အဆိုပါ ပွဲစဉ်မှာ AGIBOT ထုတ်လုပ်မှုလိုင်းက ထွက်ရှိလာတဲ့ အစီး ၂၀,၀၀၀ မြောက် စက်ရုပ်ကိုလည်း Chimelong ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ လက်ရှိမှာ ကုမ္ပဏီနှစ်ခုဟာ ခရီးသွားလုပ်ငန်းနဲ့ ဖျော်ဖြေရေးကဏ္ဍများမှာ အသုံးပြုမယ့် စက်ရုပ်နည်းပညာ သုတေသနများကိုလည်း အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။

Ref : Technology Innovation