Apple ရဲ့ iPhone Ultra ကို လက်ဦးမှုရယူပြီး Xiaomi က သူတို့ရဲ့ ပထမဆုံး wide-format အကျယ်ဒီဇိုင်းနဲ့ Xiaomi 18 Fold ခေါက်ဖုန်းသစ်ကို နှစ်ရက်ကြိုတင် (စက်တင်ဘာလ ၇ရက်က) မိတ်ဆက်လိုက်ပါတယ်။
ပိုပြီးစိတ်ဝင်စားစရာကောင်းတာက Apple ထုတ်မယ်လို့ သတင်းထွက်နေတဲ့ ဆွဲဆောင်မှုအပြည့်နဲ့ Cherry Red အရောင်ကိုပါ ထည့်သွင်းထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။

ဖုန်းရဲ့ နှလုံးသည်းပွတ်မှာတော့ Xiaomi ကိုယ်တိုင် ဖန်တီးထားတဲ့ အစွမ်းထက် Xring O3 SoC ကို တပ်ဆင်ထားပြီး RAM 16GB နဲ့ Storage 1TB အထိ အမြင့်ဆုံး ရွေးချယ်နိုင်မှာပါ။
မျက်နှာပြင်တွေအနေနဲ့ ၇.၅၈ လက်မရှိတဲ့ အတွင်းဘက် ဧရာမမျက်နှာပြင်နဲ့ ၅.၃၈ လက်မရှိတဲ့ အပြင်ဘက်မျက်နှာပြင်တို့ ပါဝင်ပြီး နှစ်ခုစလုံးက 120Hz refresh rate နဲ့ အလင်းရောင် 4,000-nit အထိ ပေးစွမ်းနိုင်တဲ့အတွက် နေရောင်အောက်မှာတောင် ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံဝါသနာရှင်တွေအတွက်လည်း အထူးအမိုက်စား 200MP ပင်မကင်မရာကြီး ပါဝင်လာပါတယ်။ ဒါ့အပြင် 3.5x optical zoom ဆွဲနိုင်တဲ့ 50MP periscope ကင်မရာ၊ 50MP ultrawide ကင်မရာနဲ့ 16MP ဆယ်လ်ဖီကင်မရာတွေက အကောင်းဆုံး ပုံရိပ်တွေကို ဖမ်းယူပေးနိုင်မှာပါ။
တစ်နေကုန် အသုံးခံမယ့် 6,000 mAh ဘက်ထရီကြီးကို 67W အမြန်ကြိုးတပ်အားသွင်းစနစ်၊ 50W ကြိုးမဲ့အားသွင်းစနစ်တွေနဲ့ အားဖြည့်ပေးထားပါတယ်။
အမိုက်စား Android 17 အခြေခံ HyperOS 4 နဲ့ လည်ပတ်မယ့် အဲဒီ Xiaomi 18 Fold ကို အရောင် ၄ မျိုးအပြင် သီးသန့် ကြွေထည်ဗားရှင်းနဲ့ပါ ဝယ်ယူနိုင်မှာပါ။ ဈေးနှုန်းတွေကတော့ ဒေါ်လာ ၁,၆၃၈ ဝန်းကျင်ကနေ အမြင့်ဆုံး ဒေါ်လာ ၂,၃၈၃ ဝန်းကျင်အထိ ရှိပေမယ့် လောလောဆယ် တရုတ်နိုင်ငံတွင်းမှာပဲ သီးသန့်ရောင်းချသွားမယ်လို့ သိရပါတယ်။
Ref: gsmarena