Gemini ကို အရင်က အကြောင်းအရာတွေ ရှာဖွေဖို့နဲ့ စာရေးဖို့လောက်ပဲ သုံးခဲ့ကြပေမဲ့ Gemini Live ကတော့ အဲဒီထက်မက ပိုလုပ်ဆောင်နိုင်ပါတယ်။ အခုဆိုရင် စာရိုက်နေစရာမလိုဘဲ စကားပြောတာ၊ ဖုန်း screen ကို ပြတာ ဒါမှမဟုတ် ကင်မရာနဲ့ ပြသပြီးတော့ပါ အပြန်အလှန် ပြောဆိုနိုင်ပြီ ဖြစ်ပါတယ်။
Gemini Live ကို အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းတွေကတော့ –
၁။ ကင်မရာနဲ့ ပြသပြီး အကူအညီတောင်းနိုင်ခြင်း
တချို့အရာတွေကို စာနဲ့ ရေးသားရှင်းပြဖို့ ခက်ခဲတဲ့အခါ Gemini Live ရဲ့ ကင်မရာကို ဖွင့်ပြီး ပြသလိုက်ရုံပါပဲ။ ဥပမာ – နားမလည်တဲ့ ထုတ်ကုန်အညွှန်းတွေ ဒါမှမဟုတ် စက်ပစ္စည်းတစ်ခုခုရဲ့ setting တွေကို ကင်မရာနဲ့ ပြပြီး မေးမြန်းလိုက်ရင် Gemini က ချက်ချင်း ရှင်းပြပေးပါလိမ့်မယ်။


၂။ Screen Share လုပ်ပြီး အက်ပ်တွေထဲမှာ အကူအညီယူနိုင်ခြင်း
အက်ပ်တစ်ခုခု သုံးနေရင်း နားမလည်တာရှိရင် Screen Share လုပ်ပြီး မေးလို့ရပါတယ်။ ဥပမာ – Reddit ဖတ်နေရင်း အကြောင်းအရာတစ်ခုကို နားမလည်တာမျိုး ရှိရင် တခြား app တစ်ခုကို ပြောင်းသွားစရာမလိုဘဲ screen ပေါ်မှာတင် Gemini ကို ခေါ်ပြီး အကျိုးအကြောင်း မေးမြန်းနိုင်ပါတယ်။


၃။ စာရိုက်ရတာ ပျင်းတဲ့အခါ အသံနဲ့ ခိုင်းစေနိုင်ခြင်း
စာရိုက်ဖို့ အားထုတ်ရတာထက် အသံနဲ့ ပြောလိုက်တာက ပိုမြန်ပြီး အလုပ်မပြတ်စေပါဘူး။ စိတ်ထဲရှိတဲ့ အိုင်ဒီယာတွေကို အမှတ်တမဲ့ ပြောချင်တာမျိုးပဲဖြစ်ဖြစ်၊ ဖတ်နေတဲ့ အကြောင်းအရာတစ်ခုကို မြန်မြန်ဆန်ဆန် သိချင်တာမျိုးပဲဖြစ်ဖြစ် အသံနဲ့ပဲ ပြောပြီး ခိုင်းစေနိုင်ပါတယ်။
၄။ အိုင်ဒီယာသစ်တွေကို အစီအစဉ်မရှိဘဲ ပြောဆိုတိုင်ပင်နိုင်ခြင်း
အိုင်ဒီယာအသစ်တွေ ထွက်လာတဲ့အခါ စနစ်တကျ ပြန်စီနေရင် အချိန်ကုန်တတ်ပါတယ်။ Gemini Live နဲ့ဆိုရင်တော့ စိတ်ထဲရှိတာတွေကို ရှေ့နောက်မညီလည်း ပြောချင်သလို ပြောထားလို့ရပါတယ်။ ကိုယ့်ရဲ့အတွေးတွေကို အသံထွက်ပြီး ပြန်စီစစ်သလိုမျိုး Gemini နဲ့ တိုင်ပင်လို့ ရပါတယ်။
၅။ အက်ပ်အများကြီး ဖွင့်စရာမလိုဘဲ အစီအစဉ်ဆွဲနိုင်ခြင်း
ခရီးသွားဖို့ ဒါမှမဟုတ် တစ်နေ့တာ အစီအစဉ်ဆွဲဖို့အတွက် Calendar တွေ၊ Note တွေ တစ်ခုပြီးတစ်ခု ဖွင့်နေစရာ မလိုတော့ပါဘူး။ Gemini Live ကို ပြောပြလိုက်ရုံနဲ့ အချက်အလက်တွေကို စုစည်းပေးပြီး အစီအစဉ်တွေကို လွယ်လွယ်ကူကူ ချမှတ်ပေးနိုင်ပါတယ်။
Ref: androidpolice