Bloomberg က တရုတ်ဟာ TikTok ရဲ့ အမေရိကန် လုပ်ငန်းကို Elon Musk ကို ရောင်းချဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။ အမေရိကန် တရားရုံးက TikTok ရဲ့ အမေရိကန်လုပ်ငန်းကို ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ရောင်းချဖို့ ByteDance ကို အမိန့်ထုတ်ထားပါတယ်။
ဒီ အစီအစဉ်အတိုင်း ဖြစ်လာရင် Elon Musk ဟာ X နဲ့ TikTok ရဲ့ အမေရိကန် လုပ်ငန်းတွေကို ပိုင်ဆိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆွေးနွေးညှိနှိုင်းမှုတွေဟာ အစောပိုင်း အဆင့်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။ TikTok ရော၊ Elon Musk ကပါ ဒီအကြောင်းကို မပြောသေးပါဘူး။
အမေရိကန် အစိုးရက TikTok ကို တရုတ်က ပိုင်ဆိုင်တဲ့အတွက် နိုင်ငံလုံခြုံရေးအတွက် စိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်မှာ TikTok ကို ပိတ်ပင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရက TikTok ကနေ အမေရိကန် ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေကို တရုတ် အစိုးရက ရယူနေတယ်လို့ စွပ်စွဲထားပါတယ်။
အမေရိကန်နဲ့ TikTok ရဲ့ ဇာတ်လမ်းဟာ ဘယ်လို ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။ ဇန်နဝါရီလ ၁၉ ရက်နေ့ မတိုင်ခင်မှာ ကြီးကြီးမားမား ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။
Ref : Tech Explorers