Realme 15 မှာ Dimensity 7300+ chipset ကို သုံးစွဲထားပြီး သူ့ရဲ့ ဈေးပိုကြီးတဲ့ Pro မော်ဒယ်လိုပဲ 6.8 လက်မအရွယ် အနည်းငယ်ကွေးညွတ်တဲ့ 144Hz OLED display ကိုပဲ ထည့်သွင်းပေးထားပါတယ်။
ကင်မရာစနစ်ကတော့ Pro မော်ဒယ်နဲ့ယှဉ်ရင် အနည်းငယ်နိမ့်သွားပြီး 50MP ultrawide sensor အစား အရွယ်အစားပိုသေးတဲ့ 8MP sensor ကို အစားထိုးသုံးစွဲထားပါတယ်။ ဒါပေမဲ့ 50MP ပင်မကင်မရာနဲ့ selfie ကင်မရာတွေကတော့ ဆက်လက်ပါဝင်လာပါတယ်။ AI Edit Genie ကိုလည်း Pro မဟုတ်တဲ့ ဒီမော်ဒယ်မှာ ရရှိနိုင်မှာဖြစ်ပါတယ်။
Standard 15 မော်ဒယ်မှာလည်း ကြီးမားတဲ့ 7,000 mAh ဘက်ထရီနဲ့ အားအလွန်မြန်တဲ့ 80W charging ကို ထည့်သွင်းပေးထားပါတယ်။
Realme 15 ကိုလည်း Velvet Green, Flowing Silver, နဲ့ Silk Pink ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာပါ။ ရရှိနိုင်တဲ့ memory ရွေးချယ်စရာတွေကတော့ 8GB/128GB, 8GB/256GB, နဲ့ 12GB/256GB တို့ဖြစ်ပြီး ဈေးနှုန်းတွေက INR 23,999 (~$280), INR 25,999 (~$300), နဲ့ INR 28,999 (~$335) အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။
Realme 15 ကို အခုလက်ရှိမှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး အိန္ဒိယစံတော်ချိန် ဇူလိုင်လ ၃၀ ရက်၊ နေ့လယ် ၁၂:၀၀ နာရီမှာ ရောင်းချမှာပါ။
Ref : gsmarena