Amazon နဲ့ Blue Origin ကို တည်ထောင်သူ Jeff Bezos က လူသားမျိုးနွယ်ရဲ့ ရေရှည်အနာဂတ်အတွက် သူ့ရဲ့ အမြင်ကို မကြာသေးခင်က ထပ်မံ ရှင်းပြခဲ့ပါတယ်။ သူရဲ့ အဆိုပြုချက်ကတော့ ကမ္ဘာမြေကို ကာကွယ်ထိန်းသိမ်းဖို့အတွက် စွမ်းအင် အများအပြား အသုံးပြုရတဲ့ စက်မှုလုပ်ငန်းကြီးတွေ (heavy industry) အားလုံးကို ကမ္ဘာမြေကနေ အာကာသထဲ ဒါမှမဟုတ် လပေါ်ကို ရွှေ့ပြောင်းသင့်တယ်ဆိုတာ ဖြစ်ပါတယ်။ သူ့ရဲ့ အမြင်မှာ ကမ္ဘာမြေဟာ လူတွေ နေထိုင်ဖို့ နဲ့ စက်မှုလုပ်ငန်းငယ်တွေအတွက်ပဲ သီးသန့် ဖြစ်သင့်ပါတယ်။

Jeff Bezos: Wetin you suppose know about di man wey coronavirus fit help become di world first trillionaire - BBC News Pidgin

Bezos က ကမ္ဘာမြေဟာ အထူးသီးသန့် နေရာတစ်ခုဖြစ်ပြီး “Plan B မရှိဘူး” လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အခုလက်ရှိမှာ နည်းပညာတွေ၊ အထူးသဖြင့် AI လိုမျိုး စွမ်းအင် အလွန်အမင်း သုံးစွဲတဲ့ နည်းပညာတွေကြောင့် ကမ္ဘာရဲ့ စွမ်းအင်ကွန်ရက် နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဖိအားတွေ အရမ်းများနေပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ကမ္ဘာမြေရဲ့ သယံဇာတတွေဟာ အနာဂတ်မှာ လုံလောက်တော့မှာ မဟုတ်ဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။

Jeff Bezos Steps Down as CEO—and Shows Amazon Is a Cloud Company Now | WIRED

သူ့ရဲ့ အဖြေကတော့ အာကာသ ဖြစ်ပါတယ်။ အာကာသထဲမှာ၊ အထူးသဖြင့် လပေါ်မှာ နေရောင်ခြည်ဟာ တစ်ရက် ၂၄ နာရီ၊ တစ်ပတ် ၇ ရက်လုံး အဆက်မပြတ် ရရှိနိုင်ပါတယ်။ တိမ်တွေ ဒါမှမဟုတ် ရာသီဥတုရဲ့ ကန့်သတ်ချက် မရှိဘဲ အကန့်အသတ်မရှိတဲ့ နေစွမ်းအင်ကို ရယူနိုင်တာကြောင့်၊ ကြီးမားတဲ့ data center တွေနဲ့ စက်ရုံတွေကို လည်ပတ်ဖို့ အကောင်းဆုံး နေရာ ဖြစ်ပါတယ်။ သူ့ရဲ့ Blue Origin company ဟာ “Blue Alchemist” လို့ခေါ်တဲ့ နည်းပညာနဲ့ လပေါ်မှာရှိတဲ့ ဖုန်မှုန့် (regolith) တွေကနေ solar panel တွေ ထုတ်လုပ်ဖို့တောင် စတင် သုတေသန လုပ်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့၊ အဲဒီ အစီအစဉ်ဟာ ချက်ချင်း ဖြစ်လာမယ့် ကိစ္စတော့ မဟုတ်ပါဘူး။ Bezos က ဒါဟာ မျိုးဆက်တွေ အများကြီး အချိန်ယူ တည်ဆောက်ရမယ့် ရာစုနှစ်ချီတဲ့ ရေရှည်စီမံကိန်းကြီး ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။ သူ့ရဲ့ လက်ရှိ အဓိကရည်မှန်းချက်ကတော့ Blue Origin ကနေတစ်ဆင့် အာကာသခရီးသွားလာမှု ကုန်ကျစရိတ်ကို အလွန်အမင်း လျှော့ချပေးနိုင်မယ့် ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံတွေ (reusable rockets) တည်ဆောက်ပြီး “အာကာသဆီ သွားမယ့် လမ်း” ကို အရင်ဆုံး ဖောက်လုပ်ဖို့ ဖြစ်ပါတယ်။

Ref: Fact Point