တရုတ် က Hebei Province ၊ Sunan County မှာ ကမ္ဘာ့ပထမဆုံး 10G broadband ကွန်ရက်ကို စတင်လွှင့်တင်လိုက်ပါတယ်။ အဲဒီ ကွန်ရက်ကို Huawei နဲ့ China Unicom တို့က ပူးပေါင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။

50G PON နည်းပညာကို အသုံးပြုထားတဲ့အတွက် download speed ဟာ 9,834 Mbps အထိ ရရှိနိုင်ပြီး upload speed ကတော့ 1,008 Mbps ရှိပါတယ်။ Latency (တုံ့ပြန်မှုကြာချိန်) အနေနဲ့ 3 milliseconds အထိ နည်းပါးသွားပါတယ်။
![]()
ဒီကွန်ရက်ဟာ cloud computing ၊ VR နဲ့ AR ၊ 8K streaming နဲ့ smart home နည်းပညာတွေအတွက် ဒေတာပေးပို့မှုကို ပိုမိုကောင်းမွန်စေမှာပါ။
သိသာထင်ရှားတဲ့ ဥပမာတစ်ခု ပြောရမယ်ဆိုရင် 20 GB ပမာဏရှိတဲ့ 4K ရုပ်ရှင်တစ်ကားကို 1 Gbps အင်တာနက်လိုင်းနဲ့ ဒေါင်းလုဒ်ဆွဲမယ်ဆိုရင် ၇ မိနစ်ကနေ ၁၀ မိနစ်လောက် ကြာမြင့်တတ်ပါတယ်။ ဒါပေမဲ့ အခုမိတ်ဆက်လိုက်တဲ့ ကွန်ရက်နဲ့ဆိုရင်တော့ စက္ကန့် ၂၀ အောက်ပဲ ကြာတော့မှာ ဖြစ်ပါတယ်။
ဒီလိုဖြန့်ချိလိုက်တဲ့အတွက် တရုတ်ဟာ UAE နဲ့ Qatar တို့လို နိုင်ငံတွေထက် နည်းပညာပိုင်းမှာ ရှေ့ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီကွန်ရက်ကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။
Ref : Fossbytes