Xiaomi 17 Ultra ကို တရုတ်နိုင်ငံမှာ flagship ဖုန်းအဖြစ် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Standard model နဲ့အတူ company က 17 Ultra Leica edition ကိုလည်း ကြေညာခဲ့ပြီး အဲဒီဖုန်းမှာ ထူးခြားတဲ့ ဒီဇိုင်းနဲ့ mechanical zoom ring ပါဝင်ပါတယ်။

17 Ultra မှာ Leica အမှတ်တံဆိပ် triple rear camera setup ပါဝင်ပြီး LOFIC နည်းပညာအထောက်အပံ့ပါတဲ့ 50MP 1-inch size Light Fusion 1050L sensor ကို အဓိကကင်မရာအဖြစ် တပ်ဆင်ထားပါတယ်။ ဒါ့အပြင် continuous optical zoom ရတဲ့ 200MP Samsung HPE 1/1.4-inch periscope telephoto unit နဲ့ autofocus ပါတဲ့ 50MP ultrawide camera တို့လည်း တွဲဖက်ပါဝင်ပါတယ်။
ရှေ့ဘက်မှာတော့ 120Hz refresh rate ၊ 2608 x 1200-pixel resolution နဲ့ 3,500-nit peak brightness အထိရတဲ့ flat 6.9-inch M10 AMOLED LTPO display ပါဝင်ပါတယ်။ Display ကို Xiaomi ရဲ့ Dragon Crystal Glass 3.0 နဲ့ ကာကွယ်ထားပါတယ်။ ရှေ့ဘက်မှာ 50MP selfie camera နဲ့ in-display ultrasonic fingerprint scanner ကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
ဒီဖုန်းကို Snapdragon 8 Elite Gen 5 SoC နဲ့ မောင်းနှင်ထားပြီး 16GB LPDDR5X RAM အထိ နဲ့ 1TB UFS 4.1 storage အထိ ရွေးချယ်နိုင်ပါတယ်။ Xiaomi ရဲ့ HyperOS 3.0 စနစ်ကို အသုံးပြုထားပြီး AI features အများအပြားလည်း ပါဝင်ပါတယ်။
Xiaomi က 17 Ultra မှာ 6,800mAh silicon-carbon battery ကို ထည့်သွင်းပေးထားပါတယ်။ 90W wired နဲ့ 50W wireless charging စနစ်တွေအပြင် 22.5W wired reverse charging ကိုပါ ထောက်ပံ့ပေးထားပါတယ်။
တခြား specs တွေအနေနဲ့ infrared sensor ၊ dual SIM ၊ Hi-Res audio ၊ stereo speakers ၊ quad-mic array ၊ IP66/IP68/IP69 ratings ၊ Wi-Fi 7 ၊ Bluetooth 6.0 ၊ NFC နဲ့ satellite communication တို့ ပါဝင်ပါတယ်။ Xiaomi 17 Ultra ကို Black ၊ Cool Smoke Purple ၊ Starry Green နဲ့ White အရောင်တွေနဲ့ ရနိုင်မှာပါ။
Xiaomi 17 Ultra Leica edition

Leica edition ကတော့ standard model နဲ့ specs အတူတူပဲဖြစ်ပေမယ့် mechanical zoom ring အပါအဝင် အပို features တချို့ ပါဝင်လာပါတယ်။ အသုံးပြုသူတွေအနေနဲ့ အဲဒီ ring ကနေ focal length ၊ exposure နဲ့ white balance တို့ကို ချိန်ညှိနိုင်မှာပါ။
သူ့မှာ Leica M-series ကင်မရာတွေကို အတုယူထားတဲ့ dual-tone ဒီဇိုင်း ၊ ဘေးဘောင်ပေါ်က knurling pattern နဲ့ ကျောဘက်က အနီရောင် Leica logo တို့ ပါဝင်ပါတယ်။

17 Ultra Leica edition မှာ 3:2 aspect ratio နဲ့ special Leica Moment modes ၊ လုံခြုံရေးနဲ့ encryption အတွက် chip တစ်ခု နဲ့ dual-satellite communication တို့လည်း ပါဝင်ပါတယ်။ ဖုန်းကို lens cap ၊ လည်ပင်းဆွဲကြိုး ၊ magnetic case နဲ့ cleaning cloth တို့ပါဝင်တဲ့ အထူး box နဲ့ ရရှိမှာဖြစ်ပါတယ်။
ဒီဖုန်းကို Black နဲ့ Off-White အရောင်တွေနဲ့ ရောင်းချသွားမှာပါ။ ဖုန်းနှစ်မျိုးစလုံးကို တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး တရားဝင် Xiaomi online store ကနေ ရောင်းချသွားမှာဖြစ်ပါတယ်။
ဈေးနှုန်းတွေအနေနဲ့ standard Xiaomi 17 Ultra ရဲ့ 12GB/512GB model က CNY 6,999 ($995) ၊ 16GB/512GB model က CNY 7,499 ($1,065) နဲ့ 16GB/1TB model ကတော့ CNY 8,499 ($1,210) အသီးသီး ကျသင့်မှာဖြစ်ပါတယ်။
Xiaomi 17 Ultra Leica edition ကတော့ 16GB/512GB model အတွက် CNY 7,999 ($1,140) နဲ့ 16GB/1TB model အတွက် CNY 8,999 ($1,280) ကျသင့်မှာဖြစ်ပါတယ်။
ref : gsmarena
