GPS (Global Positioning System) နည်းပညာ ပေါ်ပေါက်လာစေဖို့ အဓိကကျတဲ့ “ကမ္ဘာ့ပုံသဏ္ဌာန် ပုံစံငယ် (Model)” တွေကို တွက်ချက်ဖန်တီးပေးခဲ့တဲ့ သင်္ချာပညာရှင် Gladys West ဟာ အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဗာဂျီးနီးယားဇာတိဖြစ်တဲ့ သူမဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက် (စနေနေ့) က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်မှာ အမေရိကန် ရေတပ်စမ်းသပ်ရေးစခန်း (Naval Proving Ground) မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီခေတ်က အသားအရောင်ခွဲခြားမှုတွေကြားထဲကနေ ဂြိုဟ်တုဒေတာတွေကို အသုံးပြုပြီး ကမ္ဘာ့ပုံသဏ္ဌာန်ကို တိကျစွာ တွက်ချက်နိုင်ခဲ့သူပါ။ သူမရဲ့ ဒီကြိုးပမ်းမှုတွေကြောင့်ပဲ ဒီနေ့ခေတ် GPS နည်းပညာဆိုတာ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

GPS နည်းပညာရဲ့ အရေးပါပုံ
သူမ ဖန်တီးပေးခဲ့တဲ့ အခြေခံအချက်အလက်တွေကနေ ဖြစ်လာတဲ့ GPS နည်းပညာဟာ ဒီနေ့ခေတ် လူသားတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါလာပါပြီ။
🛑 စမတ်ဖုန်းတွေ၊ ကားတွေမှာ လမ်းကြောင်းပြမြေပုံ (Map) အသုံးပြုပြီး ခရီးသွားလာတာ၊
🛑 လေယာဉ်ပျံသန်းမှုနဲ့ သင်္ဘောခရီးစဉ်တွေမှာ လမ်းကြောင်း တိကျစွာ ရှာဖွေတာ၊
🛑 စစ်ရေးစစ်ရာတွေမှာ ပစ်မှတ်နေရာ အတိအကျ သတ်မှတ်တာ၊
🛑 အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လူနာရှိတဲ့နေရာကို အမြန်ဆုံး ရှာဖွေတာတွေအထိ ကဏ္ဍစုံမှာ အသုံးပြုနေကြတာ ဖြစ်ပါတယ်။
Gladys West ကတော့ သူမ အလုပ်လုပ်ခဲ့စဉ်တုန်းက ဒီနည်းပညာဟာ အရပ်ဘက်သုံးအနေနဲ့ ဒီလောက်အထိ တွင်ကျယ်လာလိမ့်မယ်လို့ ထင်မထားခဲ့မိကြောင်းနဲ့ အခုလို လူသားတွေအတွက် အကျိုးရှိတာကို မြင်တွေ့ရတဲ့အတွက် ဝမ်းသာမိကြောင်း ပြောကြားခဲ့ဖူးပါတယ်။ သူမဟာ အသက် ၇၀ အရွယ်မှာ လေဖြတ်ဝေဒနာ ခံစားခဲ့ရပေမယ့် မလျော့သော ဇွဲနဲ့ ပါရဂူဘွဲ့ (PhD) ကို ရယူနိုင်ခဲ့တဲ့ စံပြပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။
Ref : Yahoo