အွန်လိုင်းပေါ်က အသက်ကန့်သတ်ချက်တွေကို ကျော်ဖြတ်ဖို့အတွက် ဗြိတိန်ကလေးတွေဟာ နှုတ်ခမ်းမွှေးအတုဆွဲတာနဲ့ မွေးသက္ကရာဇ်အမှားတွေ သုံးတာမျိုးတွေ လုပ်ပြီး ပါးပါးနပ်နပ် လိမ်ညာနေကြတယ်လို့ Internet Matters ရဲ့ အစီရင်ခံစာသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။ အွန်လိုင်းဘေးကင်းလုံခြုံရေးဥပဒေ (Online Safety Act) အရ တင်းကျပ်ထားတဲ့ စည်းမျဉ်းတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ကလေး ၃ ဦးမှာ ၁ ဦးထက်မက သိနေကြတာပါ။

Children are drawing moustaches on their faces to fool online age checks -  and it's working | Euronews

စစ်တမ်းကောက်ယူခဲ့တဲ့ ကလေး ၁,၀၀၀ ထဲမှာ ၄၆ ရာခိုင်နှုန်းက အသက်စစ်ဆေးတဲ့စနစ်တွေကို ကျော်ဖြတ်ရတာ “အေးဆေးပဲ” လို့ ယူဆထားကြပြီး ၃၂ ရာခိုင်နှုန်းကတော့ တကယ်ကို ကျော်ဖြတ်ပြီး အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေက အသက် ၁၃ နှစ်၊ အပြာဝက်ဘ်ဆိုက်တွေက အသက် ၁၈ နှစ်အထက်လို့ ကန့်သတ်ထားပေမဲ့ ဒီကလေးတွေဟာ အသက်လိမ်ပြီး ဝင်ကြည့်နေကြတာကြောင့် ထက်ဝက်နီးပါးလောက်ဟာ စိတ်မချမ်းမြေ့စရာ အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေကို တွေ့ကြုံနေရပါတယ်။

A Kid With a Fake Mustache Tricked an Online Age-Verification Tool | WIRED

အဆိုးဆုံးကတော့ မိဘ ၆ ဦးမှာ ၁ ဦးက ကလေးတွေကို အသက်လိမ်ရာမှာ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ မိဘတစ်ဦးရဲ့ ပြောပြချက်အရဆိုရင် သူ့ရဲ့ကလေးဟာ မျက်နှာပေါ်မှာ နှုတ်ခမ်းမွှေးအတုဆွဲပြီး အသက် ၁၅ နှစ်ဖြစ်ကြောင်း အွန်လိုင်း ပလက်ဖောင်းတွေကို အောင်အောင်မြင်မြင် လှည့်စားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဗြိတိန်အစိုးရဟာ အသက် ၁၆ နှစ်အောက် ကလေးတွေအတွက် အခုထက်ပိုပြီး တင်းကျပ်တဲ့ ဥပဒေတွေ ထုတ်ပြန်ဖို့ ပြင်ဆင်နေရပြီ ဖြစ်ပါတယ်။

Ref : Fossbytes