တရုတ်စက်ရုပ်ကုမ္ပဏီ Unitree က “Superman” လို့အမည်ပေးထားတဲ့ လူတူစက်ရုပ်အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီစက်ရုပ်ဟာ တစ်စက္ကန့်ကို ၁၂.၆၆ မီတာ (တစ်နာရီ ၂၈.၃ မိုင်) အထိ အမြန်နှုန်းပြေးနိုင်ပြီး ၂ မီတာအမြင့်ကို မတ်တတ်ရပ်လျက် ခုန်နိုင်စွမ်းရှိပါတယ်။ ခြေတံအရှည် ၀.၈၅ မီတာရှိတဲ့ အဲဒီစက်ရုပ်ကို ၃ လကျော်အတွင်း တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီအမြန်နှုန်းသာ အမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင် ၂၀၀၉ ခုနှစ်က မီတာ ၁၀၀ ပြိုင်ပွဲမှာ အမြန်ဆုံးပြေးခဲ့တဲ့ အူစိန်ဘော့ရဲ့ တစ်စက္ကန့် ၁၂.၄၂ မီတာစံချိန်ထက် ပိုမြန်နေမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအမြန်နှုန်းနဲ့ ခုန်နိုင်စွမ်းတွေဟာ Unitree ကုမ္ပဏီရဲ့ ပြောဆိုချက်တွေသာဖြစ်ပြီး တရားဝင်ကမ္ဘာ့စံချိန်အဖြစ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Unitree ကုမ္ပဏီဟာ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ လူတူစက်ရုပ်ပေါင်း ၁၈,၀၀၀ ဝန်းကျင်ကို တင်ပို့ရောင်းချထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ အများပြည်သူသို့ ရှယ်ယာစတင်ရောင်းချခြင်း (IPO) ကနေ ယွမ် ၆.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၀၅ သန်း) ရရှိခဲ့ပြီးနောက် ရှန်ဟိုင်းရဲ့ STAR Market မှာ စတင်အရောင်းအဝယ်ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
Ref : Technology Innovation
