အင်္ဂလန်ဘောလုံးကလပ် လီဗာပူးရဲ့ ပိုင်ရှင် Fenway Sports Group (FSG) ဟာ ကလပ်ရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို 1892 Holdings အဖွဲ့ထံ ရောင်းချလိုက်ပါတယ်။

အဲဒီ အရောင်းအဝယ်ကြောင့် လီဗာပူးကလပ်ရဲ့ တန်ကြေးဟာ ပေါင် ၅ ဘီလီယံကနေ ၆ ဘီလီယံကြား ရှိလာပါတယ်။ 1892 Holdings အဖွဲ့ကို Amit Bhatia က ဦးဆောင်ပြီး အမေဇုန် တည်ထောင်သူ ဂျက်ဖ်ဘီဇော့ နဲ့ ဖေ့စ်ဘွတ်ခ် ပူးတွဲတည်ထောင်သူ အက်ဒွာဒို ဆာဗရင် တို့က ကျောထောက်နောက်ခံ ပေးထားပါတယ်။

Jeff Bezos & Liverpool: Consortium including American advances talks - BBC Sport

အရောင်းအဝယ်ကို တရားဝင် အတည်ပြုပြီးချိန်မှာ Amit Bhatia ဟာ ကလပ်ရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူမှာဖြစ်ပြီး ဒါရိုက်တာအဖွဲ့မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

ဂျက်ဖ်ဘီဇော့ အတွက်တော့ ဒါဟာ အားကစားလောကထဲကို ပထမဆုံး ဝင်ရောက်လာခြင်း ဖြစ်ပေမယ့် ဒါရိုက်တာအဖွဲ့မှာ တိုက်ရိုက် ပါဝင်မှာတော့ မဟုတ်ပါဘူး။

Liverpool: Amazon founder Jeff Bezos nears deal to buy stake with consortium led by Amit Bhatia | Football News | Sky Sports

ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပေမယ့်လည်း ကစားသမား အပြောင်းအရွှေ့ ဈေးကွက်အတွက် သီးသန့် ဘတ်ဂျက် ထပ်တိုးပေးမှာ မဟုတ်ဘူးလို့ အန်ဖီးလ် တာဝန်ရှိသူတွေက ရှင်းလင်းထားပါတယ်။

FSG ဟာ ကလပ်ရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ အဓိက ရှယ်ယာပိုင်ဆိုင်မှုကို ဆက်လက် ထိန်းချုပ်ထားမှာ ဖြစ်ပြီး အခုလို မိတ်ဖက်အသစ်တွေနဲ့ ပူးပေါင်းတာဟာ အာရှဈေးကွက်နဲ့ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေကနေတစ်ဆင့် ကလပ်ရဲ့ အမှတ်တံဆိပ်ကို နိုင်ငံတကာမှာ ကျယ်ပြန့်လာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

FSG ဟာ ၂၀၁၀ ခုနှစ်မှာ လီဗာပူးကို ပေါင်သန်း ၃၀၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး အခု ရှယ်ယာ ၃၀ ရာခိုင်နှုန်း ရောင်းချမှုကနေ ပေါင် ၁.၅ ဘီလီယံကျော် ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

Ref: marca