အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
ဝင်ရောက်ရန်သတိပေးချက်
သားဖြစ်သူ ဂိမ်းစွဲနေလို့ ဂိမ်းထဲမှာ လိုက်သတ်ခိုင်းဖို့ အွန်လိုင်းလူသတ်သမားတွေကို ဖခင်ဖြစ်သူ ငှားရမ်း
သတင်း
သတင်း၂၇ မေ ၂၀၂၆

သားဖြစ်သူ ဂိမ်းစွဲနေလို့ ဂိမ်းထဲမှာ လိုက်သတ်ခိုင်းဖို့ အွန်လိုင်းလူသတ်သမားတွေကို ဖခင်ဖြစ်သူ ငှားရမ်း

မျှဝေရန်

<p>အလုပ်လက်မဲ့ဖြစ်နေပြီး ဂိမ်းဆော့တာနဲ့ပဲ အချိန်ကုန်နေတဲ့ အသက် ၂၃ နှစ်အရွယ် သားဖြစ်သူကို စိတ်ပူလွန်းလို့ ဖခင်ဖြစ်သူက အွန်လိုင်းဂိမ်းထဲမှာ</p>

အလုပ်လက်မဲ့ဖြစ်နေပြီး ဂိမ်းဆော့တာနဲ့ပဲ အချိန်ကုန်နေတဲ့ အသက် ၂၃ နှစ်အရွယ် သားဖြစ်သူကို စိတ်ပူလွန်းလို့ ဖခင်ဖြစ်သူက အွန်လိုင်းဂိမ်းထဲမှာ သားဖြစ်သူရဲ့ ဇာတ်ကောင်ကို လိုက်သတ်ဖို့ အွန်လိုင်းလူသတ်သမား (ဂိမ်းကစားသူ အဆင့်မြင့်သမားတွေ) ကို ငှားရမ်းခဲ့တဲ့ ထူးဆန်းတဲ့ဖြစ်စဉ်တစ်ခု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖခင်ဟာ သားဖြစ်သူ ဂိမ်းထဲကို ဝင်လိုက်တိုင်း အမြဲတမ်း အသတ်ခံရအောင် ကျွမ်းကျင်ဂိမ်းကစားသမားတွေကို ပိုက်ဆံပေးပြီး ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။ ဂိမ်းထဲမှာ ခဏခဏ ရှုံးနိမ့်တာကြောင့် စိတ်ပျက်ပြီး ဂိမ်းဆော့တာကို ရပ်တန့်ကာ အလုပ်တစ်ခုခု ရှာလိမ့်မယ်လို့ ဖခင်ဖြစ်သူက မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

သားဖြစ်သူဟာ ဂိမ်းဆော့တဲ့အချိန်တိုင်း အဲဒီအွန်လိုင်း ကစားသမားတွေဆီကပဲ ထပ်ခါတလဲလဲ တိုက်ခိုက်ခံရပြီးနောက်မှာတော့ ဖခင်ဖြစ်သူရဲ့ လျှို့ဝှက်အစီအစဉ်ကို ရိပ်မိပြီး သိရှိသွားခဲ့ပါတယ်။

ဒီလိုနဲ့ ဖခင်ဖြစ်သူရဲ့ ကြံစည်မှုကို သိသွားတဲ့အခါမှာတော့ သားဖြစ်သူက သူဟာ အလုပ်မလုပ်ဘဲ ရှောင်ဖယ်နေတာ မဟုတ်ဘဲ သူ့နဲ့ ကိုက်ညီမယ့် “အလုပ်အကိုင်ကောင်း” ကိုပဲ စောင့်ဆိုင်းနေတာ ဖြစ်တယ်လို့ ဖခင်ဖြစ်သူကို ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ သားသမီးတွေ အွန်လိုင်းဂိမ်းစွဲလမ်းတဲ့ ပြဿနာကို ဖြေရှင်းဖို့ မိဘတွေဘက်က ထူးထူးဆန်းဆန်း ကြိုးပမ်းခဲ့တဲ့ ဖြစ်ရပ်တစ်ခုအဖြစ် အွန်လိုင်းမှာ လူပြောများနေပါတယ်။

တရုတ်နိုင်ငံမှာ လူငယ်တွေ ဂိမ်းစွဲလမ်းမှုကို ထိန်းချုပ်ဖို့ အစိုးရဘက်ကပါ ကန့်သတ်ချက်တွေ ထုတ်ပြန်ထားရတဲ့အထိ ဒီပြဿနာဟာ ကြီးမားတဲ့ လူမှုရေးစိန်ခေါ်မှုတစ်ခု ဖြစ်နေတာလည်း ဖြစ်ပါတယ်။

Ref: Fossbytes

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

အများပြည်သူနေရာတွေမှာ ဇူဇူရဲ့ ချောင်းရိုက်မျက်မှန်သုံးစွဲမှုကို ကန့်သတ်ရန် နော်ဝေးစီစဉ်နေ

<p>နော်ဝေးနိုင်ငံဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တဟုန်ထိုး မြင့်တက်လာတာကြောင့် အများပြည်သူနေရာတွေမှာ AI စမတ်မျက်မှန်သုံးစွဲမှုကို ယာယီပိတ်ပင်ဖို့</p>

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media