အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
တရုတ်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံး စက်ရုပ်တွေပဲ ဝန်ဆောင်မှုပေးမယ့် ဟိုတယ်တစ်ခု ဖွင့်လှစ်တော့မည်
သတင်း
သတင်း၂၇ ဇွန် ၂၀၂၆

တရုတ်နိုင်ငံမှာ ကမ္ဘာ့ပထမဆုံး စက်ရုပ်တွေပဲ ဝန်ဆောင်မှုပေးမယ့် ဟိုတယ်တစ်ခု ဖွင့်လှစ်တော့မည်

မျှဝေရန်

<p>တရုတ်နိုင်ငံ ရှန်ကျန်း-ကျုံးရှန်း ပေါင်းကူးတံတားရဲ့ အနောက်ဘက် လူလုပ်ကျွန်း (West Artificial Island) မှာ လူသားဝန်ထမ်း</p>

တရုတ်နိုင်ငံ ရှန်ကျန်း-ကျုံးရှန်း ပေါင်းကူးတံတားရဲ့ အနောက်ဘက် လူလုပ်ကျွန်း (West Artificial Island) မှာ လူသားဝန်ထမ်း တစ်ဦးမှမရှိဘဲ စက်ရုပ်တွေနဲ့ပဲ ရာနှုန်းပြည့် လည်ပတ်မယ့် ကမ္ဘာ့ပထမဆုံး ဟိုတယ်တစ်ခုကို ၂၀၂၇ ခုနှစ် အစောပိုင်းမှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီဟိုတယ်မှာ စားသောက်ဆိုင်၊ အားကစားခန်းမနဲ့ ခေတ်မှီဧည့်သည်အသုံးအဆောင် အဆောက်အအုံတွေ စုံစုံလင်လင် ပါဝင်မှာ ဖြစ်ပါတယ်။

ပုံမှန်ဟိုတယ်တွေလို လူသားဝန်ထမ်းတွေ နေရာမှာ Pudu Robotics ကုမ္ပဏီထုတ် အဆင့်မြင့်စက်ရုပ်တွေကို အစားထိုး အသုံးပြုသွားမှာ ဖြစ်ပြီး အဲဒီစက်ရုပ်တွေကပဲ ဧည့်ကြိုတာ၊ အိတ်သယ်ပေးတာ၊ အခန်းတွင်း ဝန်ဆောင်မှုပေးတာ၊ အစားအသောက် ပို့တာ၊ သန့်ရှင်းရေးလုပ်တာအပြင် လုံခြုံရေး ကင်းလှည့်တာနဲ့ ဧည့်သည်တွေကို လမ်းညွှန်ကူညီပေးတဲ့ လုပ်ငန်းတွေကိုပါ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီဟိုတယ်ကို အဆင့်လိုက် ခွဲခြားဖွင့်လှစ်သွားမှာ ဖြစ်ပြီး ၂၀၂၇ ခုနှစ် အစောပိုင်းမှာ အပြည့်အဝ မဖွင့်လှစ်ခင် အခု ၂၀၂၆ ခုနှစ် နှောင်းပိုင်းမှာတင် စမ်းသပ်လည်ပတ်မှုတွေကို စတင်ပြီး ဧည့်သည်တွေကို ကြိုဆိုသွားမှာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းဟာ အဲဒီလူလုပ်ကျွန်းကို တရုတ်နိုင်ငံ Greater Bay Area ရဲ့ စက်ရုပ်နည်းပညာနဲ့ နည်းပညာအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဆွဲဆောင်ရာ နေရာတစ်ခုအဖြစ် အသွင်ပြောင်းလဲပစ်ဖို့ ရည်ရွယ်ထားတဲ့ ပိုမိုကျယ်ပြန့်တဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

Ref: Technology Innovation

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

Oppo Find N7 ၏ ကင်မရာနှင့် ဒစ်စပလေး အချက်အလက်များ ပေါက်ကြား

Oppo Find N7 ဖုန်းအတွက် ကင်မရာစနစ်နှင့် ဒစ်စပလေးဆိုင်ရာ အသစ်သော သတင်းအချက်အလက်များ GSMArena မှတဆင့် ပေါက်ကြားလာပါတယ်။

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media