အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
Sony က ၂၀၂၈ ခုနှစ်မှာ PlayStation ဂိမ်းခွေထုတ်လုပ်မှုတွေ ရပ်ဆိုင်းမည်
သတင်း
သတင်း၅ ဇူလိုင် ၂၀၂၆

Sony က ၂၀၂၈ ခုနှစ်မှာ PlayStation ဂိမ်းခွေထုတ်လုပ်မှုတွေ ရပ်ဆိုင်းမည်

မျှဝေရန်

<p>Sony ကုမ္ပဏီဟာ ဈေးကွက်အခြေအနေနဲ့ လူသုံးများတဲ့ ပုံစံတွေ ပြောင်းလဲလာတာကြောင့် ၂၀၂၈ ခုနှစ် ဇန်နဝါရီလကစပြီး PlayStation</p>

Sony ကုမ္ပဏီဟာ ဈေးကွက်အခြေအနေနဲ့ လူသုံးများတဲ့ ပုံစံတွေ ပြောင်းလဲလာတာကြောင့် ၂၀၂၈ ခုနှစ် ဇန်နဝါရီလကစပြီး PlayStation ဂိမ်းခွေထုတ်လုပ်မှုတွေကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ထွက်ရှိလာမယ့် ဂိမ်းအသစ်တွေကို PlayStation Store လိုမျိုး အွန်လိုင်းစတိုးတွေကနေပဲ Digital စနစ်နဲ့ သီးသန့်ရောင်းချသွားမှာဖြစ်ပြီး အရင်က ထွက်ရှိထားတဲ့ ဂိမ်းခွေတွေကိုတော့ ထိခိုက်မှုရှိမှာမဟုတ်ပါဘူး။

အခုလို လုပ်ဆောင်တာဟာ ဖျော်ဖြေရေးကဏ္ဍမှာ ဒစ်ဂျစ်တယ်မီဒီယာဘက်ကို ပိုပြီးအားသာလာတဲ့ လူနေမှုပုံစံအပြောင်းအလဲကို ထင်ဟပ်နေတာလည်း ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးအချက်အလက်တွေအရ ဂိမ်းခွေရောင်းရငွေဟာ စုစုပေါင်းဆော့ဖ်ဝဲရောင်းရငွေရဲ့ ၃ ရာခိုင်နှုန်းပဲ ရှိတော့တာကြောင့် အခုလို ဒစ်ဂျစ်တယ်ဘက်ကို လုံးဝကူးပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းအားဖြင့် Sony အနေနဲ့ ဂိမ်းဈေးနှုန်းတွေကို အပြည့်အဝထိန်းချုပ်နိုင်မှာဖြစ်ပြီး (Pre-owned copies) တစ်ပတ်ရစ်ဂိမ်းခွေဈေးကွက်ကြောင့် ဆုံးရှုံးနေတဲ့ ဝင်ငွေတွေကို ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။

ဒါ့အပြင် Rockstar Games က ထွက်ရှိမယ့် Grand Theft Auto 6 (GTA 6) ကိုလည်း အခွေထဲမှာ ဂိမ်းဒေတာအစား ဒေါင်းလုဒ်ကုဒ်ပဲ ထည့်သွင်းပြီး ဒစ်ဂျစ်တယ်စနစ်နဲ့ပဲ ရောင်းချသွားမယ်လို့ အတည်ပြုထားပါတယ်။

အခြားတစ်ဖက်မှာလည်း Sony ဟာ PlayStation 3 နဲ့ PlayStation Vita တို့လိုမျိုး စနစ်ဟောင်းတွေအတွက် PlayStation Store ကို ပိတ်သိမ်းဖို့ ပြင်ဆင်နေပြီး ထိုင်းနိုင်ငံမှာတော့ ၂၀၂၇ ခုနှစ် ဇူလိုင်လကစပြီး အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။

အခုလို နည်းပညာကုမ္ပဏီကြီးတွေက ဒစ်ဂျစ်တယ်စနစ်ကို လုံးဝကူးပြောင်းလာတာဟာ သုံးစွဲသူတွေအတွက် ရွေးချယ်စရာနည်းပါးသွားစေနိုင်သလို ရိုးရာဂိမ်းခွေအရောင်းဆိုင်တွေအတွက်လည်း ရေရှည်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အကဲဖြတ်သူတွေက သုံးသပ်ထားကြပါတယ်။

Ref: Bangkokpost

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

BYD ရဲ့ ကားပြခန်းတွေမှာ ဧည့်သည်တွေကို လူတူစက်ရုပ်တွေက ကြိုဆိုတော့မည်

တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD ဟာ စက်ရုံတွေနဲ့ ကားအရောင်းပြခန်းတွေမှာ အသုံးပြုဖို့အတွက် လူတူစက်ရုပ်ဒီဇိုင်းအသစ်ကို ပြသခဲ့ပါတယ်။

၁၃/၁၀/၂၀၂၆

OnePlus 16 ထွက်ရှိ၊ Snapdragon 8 Elite Extreme Gen 6 နှင့် 9,000 mAh ဘက်ထရီ ပါဝင်

OnePlus 16 ဖုန်းသစ်ကို Snapdragon 8 Elite Extreme Gen 6 chipset၊ 200MP camera နှင့် 9,000 mAh ဘက်ထရီတို့နှင့်အတူ စတင်မိတ်ဆက်လိုက်ပါပြီ။

၁၃/၁၀/၂၀၂၆

iQOO Neo12 ၏ အဓိက Spec များကို တရားဝင်ထုတ်ပြန်

iQOO Neo12 ၏ အဓိက spec များကို တရားဝင်ထုတ်ပြန်လိုက်ပြီး powerful processor၊ စွမ်းအားကောင်း battery နှင့် fast charging technology များ ပါဝင်မှာဖြစ်ပါတယ်။

၁၃/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media