တောင်ကိုရီးယားအစိုးရဟာ ပြည်သူတွေ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လွယ်ကူစေဖို့အတွက် Generative AI ဝန်ဆောင်မှုတွေကို အခမဲ့ ပေးအပ်သွားဖို့ ပြင်ဆင်နေပါတယ်။
စက်တင်ဘာလမှာ စတင်စမ်းသပ်မယ့် အဲဒီ AI for All အစီအစဉ်ကနေတဆင့် ဆေးခန်းပြဖို့ ရက်ချိန်းယူတာ၊ အိမ်ရာရှာဖွေတာနဲ့ အခွန်ကိစ္စတွေမှာ အကူအညီရယူနိုင်မှာ ဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုတွေကို နိုင်ငံရဲ့ ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ Kakao တို့ပါဝင်တဲ့ အဖွဲ့သုံးဖွဲ့က ပံ့ပိုးပေးသွားမှာဖြစ်ပြီး အစိုးရစနစ်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးထားမှာ ဖြစ်ပါတယ်။
သုံးစွဲသူတွေအနေနဲ့ Token အကန့်အသတ်မရှိ အသုံးပြုနိုင်မှာဖြစ်သလို အသေးစားလုပ်ငန်းရှင်တွေနဲ့ မိဘတွေအတွက်လည်း အခွန်တွက်ချက်တာနဲ့ ပညာရေးဆိုင်ရာ အကြံပြုချက်တွေလိုမျိုး သီးသန့်အကျိုးခံစားခွင့်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းအတွက် အစိုးရက Nvidia B200 Chip ပြား ၅၁၂ ခုအထိ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး လုပ်ငန်းလည်ပတ်စရိတ်တွေကိုလည်း ကူညီပေးသွားမှာ ဖြစ်ပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အပေါ် မှီခိုနေရတာကို လျှော့ချပြီး ပြည်တွင်း AI နည်းပညာကဏ္ဍကို ပိုမိုအားကောင်းလာစေဖို့ ဖြစ်ပါတယ်။
Ref: techspot