UniX AI ကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ အိမ်အလုပ်တွေကို လက်တွေ့ကူညီပေးနိုင်မယ့် Panther အမည်ရ လူတူစက်ရုပ်  ကို မိတ်ဆက်လိုက်ပါတယ်။ ဒီစက်ရုပ်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် နေအိမ်တွေထဲအထိ ဝင်ရောက်အလုပ်လုပ်ပေးနိုင်တဲ့ အဆင့်မြင့်စက်ရုပ်ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ကြေညာထားပါတယ်။

UniX AI Claims First Real-Home Deployment of Mass-Produced Humanoid Robot Panther

Panther ဟာ ဘီးတပ်ထားတဲ့ လက်နှစ်ဖက်ပါစက်ရုပ်ဖြစ်ပြီး ခန္ဓာကိုယ်မှာ အဆက်ပေါင်း ၃၄ ခု၊ ကင်မရာတွေနဲ့ ဆင်ဆာတွေ ပါဝင်တာကြောင့် ရှုပ်ထွေးတဲ့ အိမ်တွင်းပတ်ဝန်းကျင်မှာတောင် အလုပ်တွေကို အဆင့်ဆင့် လုပ်ဆောင်နိုင်ပါတယ်။ သူက အိမ်ရှင်ကို မနက်နှိုးပေးတာ၊ အစားအသောက် ပြင်ဆင်ပေးတာ၊ အခန်းသန့်ရှင်းရေးလုပ်တာနဲ့ ပစ္စည်းတွေကို စနစ်တကျ ပြန်စီတာတွေကို AI စနစ်သုံးပြီး သူ့အလိုလို စီစဉ်လုပ်ဆောင်ပေးမှာပါ။

UniX AI Claims First Real-Home Deployment of Mass-Produced Humanoid Robot Panther | Press Releases | wfxg.com

ဒီစက်ရုပ်ဟာ အရပ် ၅ ပေ ၃ လက်မ မြင့်ပြီး အလေးချိန် ၈၀ ကီလိုဂရမ် ရှိပါတယ်။ တစ်ခါအားသွင်းထားရင် ၈ နာရီကနေ ၁၆ နာရီအထိ အသုံးခံမယ့် ၄၈ ဗို့အားသုံး ပါဝါစနစ်ကို တပ်ဆင်ထားပါတယ်။ ပညာရှင်တွေကတော့ ဈေးနှုန်းနဲ့ စိတ်ချရမှုပိုင်းမှာ စိန်ခေါ်မှုတွေ ရှိနေသေးပေမဲ့ အခုလို အိမ်အလုပ်မျိုးစုံလုပ်နိုင်တဲ့ စက်ရုပ်တွေဟာ ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝထဲကို ရောက်လာဖို့ အတော်လေး နီးစပ်လာပြီလို့ သုံးသပ်နေကြပါတယ်။

Ref: Fossbytes