Bio-metric Security Company တစ်ခုဖြစ်တဲ့ Synaptics ကနေ Optical Fingerprint Scanner ကို လွန်ခဲ့တဲ့ ၂၀၁၆ နှစ်ကုန်ပိုင်းက ကြေငြာခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ ကုမ္ပဏီကနေ ပထမဆုံးအနေနဲ့ Fingerprint ကို OLED Display အောက်မှာ ထည့်သွင်းထားတဲ့ စမတ်ဖုန်းကို CES 2018 ပွဲမှာ ပြသသွားမှာဖြစ်တယ်လို့ ကြေငြာလိုက်ပါတယ်။

အဆိုပါ Fingerprint Scanner နဲ့ ID က FS9500 ဖြစ်ပြီး OLED Display တွေနဲ့အလုပ်လုပ်နိုင်မှာဖြစ်တယ်လို့ သိရပြီး ကိုယ့်လက်ချောင်းကို Screen ပေါ်ကို တင်လိုက်တဲ့အချိန်မှာ OLED Screen နဲ့ Glass Panel ကြားထဲမှာရှိတဲ့ အဆိုပါ Sensor က အလုပ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတာက Synaptics ကနေ ပထမဆုံး Under Display Fingerprint Scanner ကိုအသုံးပြုထားတဲ့ဖုန်းကို ဇန်နဝါရီလမှာပြုလုပ်မယ့် CES 2018 ပွဲမှာ တွေ့မြင်ရမည်ဟုထုတ်ဖော်ပြောကြားခဲ့ပေမယ့် ဘယ်ဖုန်းက အရင်ဆုံးထုတ်လုပ်နိုင်မလဲဆိုတာကိုတော့ မပြောကြားခဲ့ပါဘူး။

ယခင်က Samsung ကနေ Galaxy S9 မှာ Under Display Fingerprint Scanner ကို တပ်ဆင်ထားလောက်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း အခုအချိန်မှာ Galaxy S9 ကို ဖေဖော်ဝါရီမှ ကြေငြာတော့မှာဖြစ်တဲ့အတွက် Vivo စမတ်ဖုန်းက ပထမဆုံးဖြစ်လာနိုင်ပါတယ်။