ယခုနှစ်ထဲမှာ စမတ်ဖုန်းတွေမှာ ပြောင်းလဲမှုကြီးတစ်ခုရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ဖုန်းတွေရဲ့ Display က ယခင်ကထက်ကြီးလာပြီးတော့ ဘေးဘောင်တွေကို သေးငယ်အောင်ပြုလုပ်လာတာပဲဖြစ်ပါတယ်။ ဖုန်းထုတ်လုပ်သူတွေကတော့ FullView Display, Infinity Display စသဖြင့်ခေါ်ဆိုနေကြပေယ့် တကယ်တမ်းက 18:9 Ratio Screen ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

အခုလိုမျိုး စမတ်ဖုန်းတွေက 18:9 Ratio Screen တွေဖြစ်သွားတာက ရုပ်ရှင်ကြည့်တဲ့အချိန်မှာ ရုပ်ရှင်အများစုက 16:9 Ratio နဲ့ပဲဖြစ်တဲ့အတွက် ဘေးဘောင်တွေက လွတ်နေသလိုဖြစ်နေတတ်ပါတယ်။ ဖုန်းထုတ်လုပ်သူတွေကတော့ Zoom ပြုလုပ်ပြီး Screen အပြည့်ရအောင်လုပ်နိုင်ပေမယ့် ဒါက Online မှာ Video ကြည့်တာကိုတော့ မရရှိသေးဘူးဖြစ်နေတာပါ။

ဒါပေမယ့် အခု အကြီးမားဆုံး Video Streaming Service တစ်ခုဖြစ်တဲ့ YouTube ကနေ ဒီလိုမျိုး 18:9 Ratio Screen အသုံးပြုထားတဲ့ဖုန်းတွေအတွက် အဆင်ပြေအောင် Pinch to Zoom Feature ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခု Feature ဟာ ပုံမှန် 16:9 Ratio နဲ့ ရိုက်ထားတဲ့ ဗီဒီယိုတွေကို အရည်အသွေးကျသွားမှာစိုးရိမ်စရာမလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနည်းငယ်တော့ Crop ဖြစ်သွားမယ်လို့ သိရပါတယ်။