ပြီးခဲ့တဲ့ စနေနေ့မှာ OpenSea User တွေရဲ့ NFT ရာဂဏန်းလောက် ခိုးယူခံရတဲ့အတွက် User များစွာဟာ ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ Blockchain လုံခြုံရေး ဝန်ဆောင်မှု PeckShield ထုတ်ပြန်တဲ့ Spreadsheet အရ အခု တိုက်ခိုက်မှုမှာ Decentraland နဲ့ Bored Ape Yacht Club အပါအဝင် Token ပေါင်း ၂၅၄ ခု ခိုးယူခံတယ်လို့ သိရပါတယ်။

အခု တိုက်ခိုက်မှုဟာ ညနေ ၅ နာရီကနေ ည ၈ နာရီအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး User ပေါင်း ၃၂ ယောက်ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ခိုးယူခံရတဲ့ Token တွေရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁.၇ သန်းကျော်တောင်ရှိတဲ့အတွက် အလွန်များပြားတဲ့ ပမာဏ ဖြစ်ပါတယ်။ NFT Smart Contracts အများစု မှီခိုနေရတဲ့ Open-source စံနှုန်း ဖြစ်တဲ့ Wyvern Protocol ရဲ့ လုံခြုံရေး ဟာကွက်ကို ဖောက်ထွင်းတိုက်ခိုက်သွားတာလို့ ထင်ရပါတယ်။

A smartphone and a screen show the website OpenSea, where digital artworks are sold using NFT. NFTs, non-fungible tokens, are unique cryptographic credentials that are written to the blockchain attached to a file (image, music, video).

ဒေါ်လာ ၁၃ ဘီလီယမ် တန်ကြေးရှိတဲ့ OpenSea ဟာ NFT နယ်ပယ်မှာ တန်ဖိုးအကြီးမားဆုံး ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ပြီး User တွေ Blockchain နဲ့ တိုက်ရိုက်ထိတွေ့စရာ မလိုဘဲ Token တွေကို စာရင်းသွင်းနိုင်၊ လေ့လာကြည့်ရှုနိုင် ၊ အရောင်းအဝယ်ပြုလုပ်နိုင်အောင် ရိုးရှင်းတဲ့ Interface ကို ဖန်တီးပေးထားပါတယ်။ အဲဒီအတွက်ကြောင့်လည်း လုံခြုံရေး ပြဿနာများစွာ ရှိနေပြီး ကုမ္ပဏီဟာ User တွေရဲ့ အဖိုးတန် ပိုင်ဆိုင်မှုတွေကို ခိုးယူဖို့ ကြိုးစားနေတာတွေကို ကာကွယ်ဖို့ ရုန်းကန်နေရပါတယ်။

အခု တိုက်ခိုက်မှုရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို လက်ရှိမှာ မသိရသေးပါဘူး။ OpenSea CEO Devin Finzer က အဲဒီ Phishing Attack ရဲ့ နည်းလမ်းကို စုံစမ်းစစ်ဆေးနေပြီး သိရတာနဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ပြောပါတယ်။

Ref : theverge