1Password Update မှာ Crypto Wallet ရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို Password Manager ရဲ့ Interface မှာ လွယ်ကူလျှင်မြန်စွာ ထည့်သွင်းနိုင်ပါပြီ။ Update မှာ “Crypto Wallet” Item ထည့်သွင်းပေးထားပြီး သင့် Wallet လိပ်စာနဲ့ Recovery Phrase လို သတင်းအချက်အလက်တွေအတွက် သီးခြား Fields တွေ ပါလာပါတယ်။

အရင်ကလည်း 1Password မှာ Crypto နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိမ်းဆည်းနိုင်တယ်ဆိုပေမယ့် Fields တွေကို ကိုယ်တိုင် ထည့်သွင်းရတဲ့အတွက် လွယ်ကူ မြန်ဆန်မှု မရှိပါဘူး။ ဥပမာအနေနဲ့ သင့်ရဲ့ Private Key အတွက် သီးခြား ကဏ္ဍကို သင် ကိုယ်တိုင် ထည့်သွင်းရတာ ဖြစ်ပါတယ်။ Crypto Wallet Item အသစ်ကို သုံးရင်တော့ သင် သိမ်းဆည်းလိုတဲ့ အခြေခံ သတင်းအချက်အလက်တွေကို ပံ့ပိုးပေးထားတဲ့အတွက် ပိုမိုမြန်ဆန် လွယ်ကူလာပါတယ်။

1Password Update မှာ Solana အခြေပြု Token နဲ့ NFT တွေ ပါတဲ့ Phantom ရဲ့ Crypto Wallet ကို ထောက်ပံ့လာပါတယ်။ သင်ဟာ Phantom Wallet ၁ ခုကို ဖန်တီးပြီး 1Password မှာ Subscription ရှိရင် Phantom Wallet Password, Wallet လိပ်စာနဲ့ Secret Recovery Phrase တို့ကို Password Manager နဲ့ ချိတ်ဆက်နိုင်ပါတယ်။

ကျွမ်းကျင်သူတွေက လုံခြုံရေးအတွက် သင့် Wallet ကို ဖွင့်နိုင်တဲ့ Master Key ဖြစ်တဲ့ Seed Phrase ကို အင်တာနက်ချိတ်ဆက်ထားတဲ့ Device တွေနဲ့ Password Manager တွေမှာ မသိမ်းဘဲ Physical Location မှာပဲ သိမ်းဖို့ အကြံပေးထားပါတယ်။ ဒါပေမယ့် Crypto အနည်းငယ်ပဲ ပိုင်ဆိုင်ထားသူတွေအတွက် Password Manager မှာ သိမ်းတာက လွယ်ကူ အဆင်ပြေစေပါတယ်။

Ref : theverge