[Zawgyi]

လာမယ့္ မ်ိဳးဆက္သစ္ 5G ကြန္ရက္ခ်ိတ္ဆက္မႈကို ေထာက္ပံ့ေပးမယ့္ စမတ္ဖုန္းေတြထဲမွာ Samsung Galaxy S10 5G ကလည္း ပါဝင္ေနပါတယ္။ ကမာၻ႔စမတ္ဖုန္းေဈးကြက္မွာ 5G စမတ္ဖုန္းေတြကို ျဖန႔္ခ်ိၿပီးတဲ့ေနာက္ Carriers ေတြကလည္း သူတို႔ရဲ႕ ကြန္ရက္ေတြကို ကမာၻတစ္ဝန္းလုံးမွာ ျဖန႔္က်က္ႏိုင္ေအာင္ အလုပ္မ်ားခဲ့ရၿပီျဖစ္ပါတယ္။

မ်ိဳးဆက္သစ္ ျမန္ႏႈန္းျမင့္ ဆက္သြယ္မႈအတြက္ ေတာင္ကိုရီးယားရဲ႕ တယ္လီကြန္းႀကီးတစ္ခုျဖစ္တဲ့ SK ကေတာ့ သူတို႔ရဲ႕ 5G ကြန္ရက္ျဖန႔္က်က္ျခင္းစမ္းသပ္မႈ ကို ျပည္သူလူထုအၾကားမွာ ျပဳလုပ္ခဲ့ပါတယ္။ မၾကာေသးခင္ကထုတ္ျပန္ခဲ့တဲ့ သတင္းမွာေတာ့ ကိုရီးယန္း Carrier ႀကီးဟာ 5G-LTE သတင္းအခ်က္အလက္စုစည္းျခင္းနည္းပညာေၾကာင့္ သူတို႔ရဲ႕ ကြန္ရက္မွာ 2.6 Gbps speeds ကို ရရွိခဲ့ၿပီလို႔ သိရပါတယ္။

SK ရဲ႕ စမ္းသပ္မႈအရ အရင္ LTE အေဟာင္းနဲ႔လည္း 5G speeds ဟာ 1.5Gbps အထိ ေရာက္ခဲ့ဖူးပါတယ္။ အခု ေနာက္ဆုံး ႀကိဳးပမ္းမႈမွာေတာ့ ျမန္ႏႈန္းဟာ 10GB အ႐ြယ္အစားရွိတဲ့ ဖိုင္တစ္ခုကို စကၠန႔္ ၃၀ ထဲနဲ႔ ေဒါင္းလုဒ္ဆြဲႏိုင္တယ္လို႔ SK က အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။ ကုမၸဏီဟာ ျမန္ႏႈန္းကို ျမႇင့္တင္ၿပီး ေတာင္ကိုရီးယားရဲ႕ေဈးကြက္ကို ဆြဲေဆာင္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ SK ရဲ႕ ဆိုးလ္ၿမိဳ႕ ႐ုံးခ်ဳပ္မွာရွိတဲ့ Special experience zone မွာ 5G ရဲ႕ စြမ္းအားကို လက္ေတြ႕စမ္းသပ္ အသုံးျပဳၿပီး အေတြ႕အႀကဳံရယူႏိုင္ဖို႔ ကုမၸဏီက ေဆာင္႐ြက္ခဲ့ပါတယ္။ ဒါဆိုရင္ေတာ့ ေတာင္ကိုရီးယားရဲ႕ ဧရာမနည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Samsung ကထုတ္လုပ္တဲ့ Galaxy S10 5G ဖုန္းေတြကေတာ့ သူ႔ရဲ႕တန္ဖိုးနဲ႔ ေလ်ာ္ညီတဲ့ ခ်ိတ္ဆက္စရာ ကြန္ရက္ကို ေတြ႕ရွိသြားၿပီလို႔ ဆိုရမွာပါ။

Ref: GSMArena

[Unicode]

5G ကွန်ရက် စမ်းသပ်မှုမှာ 2.6Gbps Speed ကို အောင်မြင်စွာ ရရှိခဲ့တဲ့ SK

လာမယ့် မျိုးဆက်သစ် 5G ကွန်ရက်ချိတ်ဆက်မှုကို ထောက်ပံ့ပေးမယ့် စမတ်ဖုန်းတွေထဲမှာ Samsung Galaxy S10 5G ကလည်း ပါဝင်နေပါတယ်။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ 5G စမတ်ဖုန်းတွေကို ဖြန့်ချိပြီးတဲ့နောက် Carriers တွေကလည်း သူတို့ရဲ့ ကွန်ရက်တွေကို ကမ္ဘာတစ်ဝန်းလုံးမှာ ဖြန့်ကျက်နိုင်အောင် အလုပ်များခဲ့ရပြီဖြစ်ပါတယ်။

မျိုးဆက်သစ် မြန်နှုန်းမြင့် ဆက်သွယ်မှုအတွက် တောင်ကိုရီးယားရဲ့ တယ်လီကွန်းကြီးတစ်ခုဖြစ်တဲ့ SK ကတော့ သူတို့ရဲ့ 5G ကွန်ရက်ဖြန့်ကျက်ခြင်းစမ်းသပ်မှု ကို ပြည်သူလူထုအကြားမှာ ပြုလုပ်ခဲ့ပါတယ်။ မကြာသေးခင်ကထုတ်ပြန်ခဲ့တဲ့ သတင်းမှာတော့ ကိုရီးယန်း Carrier ကြီးဟာ 5G-LTE သတင်းအချက်အလက်စုစည်းခြင်းနည်းပညာကြောင့် သူတို့ရဲ့ ကွန်ရက်မှာ 2.6 Gbps speeds ကို ရရှိခဲ့ပြီလို့ သိရပါတယ်။

SK ရဲ့ စမ်းသပ်မှုအရ အရင် LTE အဟောင်းနဲ့လည်း 5G speeds ဟာ 1.5Gbps အထိ ရောက်ခဲ့ဖူးပါတယ်။ အခု နောက်ဆုံး ကြိုးပမ်းမှုမှာတော့ မြန်နှုန်းဟာ 10GB အရွယ်အစားရှိတဲ့ ဖိုင်တစ်ခုကို စက္ကန့် ၃၀ ထဲနဲ့ ဒေါင်းလုဒ်ဆွဲနိုင်တယ်လို့ SK က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ကုမ္ပဏီဟာ မြန်နှုန်းကို မြှင့်တင်ပြီး တောင်ကိုရီးယားရဲ့ဈေးကွက်ကို ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် SK ရဲ့ ဆိုးလ်မြို့ ရုံးချုပ်မှာရှိတဲ့ Special experience zone မှာ 5G ရဲ့ စွမ်းအားကို လက်တွေ့စမ်းသပ် အသုံးပြုပြီး အတွေ့အကြုံရယူနိုင်ဖို့ ကုမ္ပဏီက ဆောင်ရွက်ခဲ့ပါတယ်။ ဒါဆိုရင်တော့ တောင်ကိုရီးယားရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ကထုတ်လုပ်တဲ့ Galaxy S10 5G ဖုန်းတွေကတော့ သူ့ရဲ့တန်ဖိုးနဲ့ လျော်ညီတဲ့ ချိတ်ဆက်စရာ ကွန်ရက်ကို တွေ့ရှိသွားပြီလို့ ဆိုရမှာပါ။

Ref: GSMArena