Unicode

Pokémon Game တွေက လောလောဆယ်မှာ Nintendo Console ဒါမှမဟုတ် Mobile App အနေနဲ့ပဲ ဆော့ကစားနိုင်တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ The Pokemon Company ကနေ Facebook Gaming အတွက် Pokemon Game ၂ မျိုးကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

အခု Pokémon Game တွေကတော့ Pokémon Medallion Battle နဲ့ Pokémon Tower Battle ပဲဖြစ်ပြီး လက်ရှိ Facebook Gaming Tab သို့မဟုတ် Beta Facebook Gaming App ကနေတစ်ဆင့်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Pokémon Tower Battle Game ဟာဆိုရင် Worldwide ဆော့ကစားနိုင်မှာဖြစ်တဲ့အပြင် တခြားသော Player တွေနဲ့ ယှဥ်ပြိုင်ပြီး အမြင့်ဆုံး Pokémon Tower ကို တည်ဆောက်ရမှာပါ။ Pokémon Medallion Battle ကတော့ Asia-Pacific Region အတွက် ပိုပြီးသင့်တော်တဲ့ Creature အသစ်တွေနဲ့ ဆော့ကစားရမယ့် Card Battler Gamer အမျိုးအစားပဲဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အဆိုပါ Pokémon Game အသစ် ၂ မျိုးက In-App Purchase မရှိဘဲ လုံးဝအခမဲ့ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ The Pokémon Company အနေနဲ့လည်း အခုလိုမျိုး Facebook Gaming ကို ဝင်ရောက်လာတာက တကမ္ဘာလုံးမှာရှိတဲ့လူတိုင်း အလွယ်တကူဆော့ကစားနိုင်စေဖို့ ဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Pokémon Game တွေကို ဆော့ကစားရတာနှစ်သက်တယ်ဆိုရင် ဒီ Facebook Gaming ပေါ်ရောက်လာတဲ့ Game သစ် ၂ ခုကလည်း စိတ်ကျေနပ်စရာဖြစ်မှာပါ။

Ref – Engadget

Zawgyi

Pokémon Game ေတြက ေလာေလာဆယ္မွာ Nintendo Console ဒါမွမဟုတ္ Mobile App အေနနဲ႔ပဲ ေဆာ့ကစားႏိုင္တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ The Pokemon Company ကေန Facebook Gaming အတြက္ Pokemon Game ၂ မ်ိဳးကို မိတ္ဆက္ေပးလိုက္ၿပီျဖစ္ပါတယ္။

အခု Pokémon Game ေတြကေတာ့ Pokémon Medallion Battle နဲ႔ Pokémon Tower Battle ပဲျဖစ္ၿပီး လက္ရွိ Facebook Gaming Tab သို႔မဟုတ္ Beta Facebook Gaming App ကေနတစ္ဆင့္ေဆာ့ကစားႏိုင္မွာျဖစ္ပါတယ္။

Pokémon Tower Battle Game ဟာဆိုရင္ Worldwide ေဆာ့ကစားႏိုင္မွာျဖစ္တဲ့အျပင္ တျခားေသာ Player ေတြနဲ႔ ယွဥ္ၿပိဳင္ၿပီး အျမင့္ဆုံး Pokémon Tower ကို တည္ေဆာက္ရမွာပါ။ Pokémon Medallion Battle ကေတာ့ Asia-Pacific Region အတြက္ ပိုၿပီးသင့္ေတာ္တဲ့ Creature အသစ္ေတြနဲ႔ ေဆာ့ကစားရမယ့္ Card Battler Gamer အမ်ိဳးအစားပဲျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ အဆိုပါ Pokémon Game အသစ္ ၂ မ်ိဳးက In-App Purchase မရွိဘဲ လုံးဝအခမဲ့ေဆာ့ကစားႏိုင္မွာျဖစ္ပါတယ္။ The Pokémon Company အေနနဲ႔လည္း အခုလိုမ်ိဳး Facebook Gaming ကို ဝင္ေရာက္လာတာက တကမာၻလုံးမွာရွိတဲ့လူတိုင္း အလြယ္တကူေဆာ့ကစားႏိုင္ေစဖို႔ ျဖစ္တယ္ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ Pokémon Game ေတြကို ေဆာ့ကစားရတာႏွစ္သက္တယ္ဆိုရင္ ဒီ Facebook Gaming ေပၚေရာက္လာတဲ့ Game သစ္ ၂ ခုကလည္း စိတ္ေက်နပ္စရာျဖစ္မွာပါ။

Ref – Engadget