[Zawgyi]

၂၀၁၉ အတြက္ iPhone ေတြ ထြက္ေပၚလာခ်ိန္ နီးကပ္လာတာနဲ႔အမွ် သတင္းေတြကလည္း ပိုၿပီး စိတ္ဝင္စားဖို႔ ေကာင္းလာခဲ့ၿပီ ျဖစ္ပါတယ္။ ကနဦးထြက္ေပၚထားတဲ့ သတင္းေတြအရ ၂၀၁၉ iPhone ေတြဟာ အေနာက္ကင္မရာေတြ ပိုေကာင္းလာမယ္၊ A13 Bionic Chip ေတြ သုံးမယ္၊ လိုင္းဆြဲအားပိုေကာင္းေစမယ့္ အင္တင္နာ နည္းပညာသစ္ကို သုံးထားမယ္ဆိုတဲ့ အခ်က္ေတြပါဝင္ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လလယ္တုန္းကေတာ့ ၂၀၁၉ iPhone ေတြအတြက္ ကင္မရာ တပ္ဆင္တည္ေဆာက္ပုံနဲ႔ ပတ္သက္ၿပီး Olixar ကေန ထြက္လာတဲ့ Glass protector ေၾကာင့္ အတည္ျပဳႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ အခုတစ္ခါ ထပ္ၿပီးထြက္ေပၚလာတာက ၂၀၁၉ iPhone မိသားစုအတြက္ CAD renders ေတြပဲ ျဖစ္ပါတယ္။

iPhone XIR render ကေတာ့ ေလးေထာင့္ပုံစံ ကင္မရာေဘာင္ကို ေက်ာဘက္မွာ တည္ေဆာက္ထားၿပီး အဓိကင္မရာအေပၚမွာ ဒုတိယကင္မရာ တပ္ဆင္ထားတဲ့ပုံ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ iPhone XR ကို အဆင့္ျမႇင့္တင္ထားတဲ့ ပုံစံျဖစ္သလို အရင္ကတည္းက ထြက္ေပၚေနခဲ့တဲ့ ပုံစံေတြနဲ႔လည္း တူညီေနတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ Notch ပုံစံကလည္း အေျပာင္းအလဲမရွိဘဲ ခပ္ႀကီးႀကီးျဖစ္ၿပီး မ်က္ႏွာျပင္အ႐ြယ္အစားကိုေတာ့ 6.1-inch အျဖစ္ ေဖာ္ျပထားတာပါ။

iPhone XI နဲ႔XI Max ေတြကေတာ့ ေက်ာဘက္မွာ ကင္မရာသုံးလုံးစီနဲ႔ပါ။ ဒီ Renders ေတြကလည္း အရင္တုန္းက ေပၚေပါက္ခဲ့ဖူးတဲ့ ပုံေတြအတိုင္းပါပဲ။ ေလးေထာင့္ ကင္မရာေဘာင္ထဲမွဦ Wide-angle, Telephoto lenses နဲ႔ အဓိက ကင္မရာတို႔ရွိေနမွာ ျဖစ္ပါတယ္။ ေရွ႕ဘက္ကေတာ့ ေနာက္ဆုံးမ်ိဳးဆက္ iPhone ေတြနီးပါးေလာက္ကို ပုံစံတူေနတာပါ။ မ်က္ႏွာျပင္အက်ယ္ေတြကေတာ့ XI Max အတြက္ 6.5-inch ျဖစ္ၿပီး XI အတြက္ 5.8-inch အျဖစ္ ေတြ႕ျမင္ရပါတယ္။

Ref: GSMArena

[Unicode]

ထပ်မံပေါ်ထွက်လာပြန်တဲ့ ၂၀၁၉ iPhone Renders များ

၂၀၁၉ အတွက် iPhone တွေ ထွက်ပေါ်လာချိန် နီးကပ်လာတာနဲ့အမျှ သတင်းတွေကလည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။ ကနဦးထွက်ပေါ်ထားတဲ့ သတင်းတွေအရ ၂၀၁၉ iPhone တွေဟာ အနောက်ကင်မရာတွေ ပိုကောင်းလာမယ်၊ A13 Bionic Chip တွေ သုံးမယ်၊ လိုင်းဆွဲအားပိုကောင်းစေမယ့် အင်တင်နာ နည်းပညာသစ်ကို သုံးထားမယ်ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လလယ်တုန်းကတော့ ၂၀၁၉ iPhone တွေအတွက် ကင်မရာ တပ်ဆင်တည်ဆောက်ပုံနဲ့ ပတ်သက်ပြီး Olixar ကနေ ထွက်လာတဲ့ Glass protector ကြောင့် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုတစ်ခါ ထပ်ပြီးထွက်ပေါ်လာတာက ၂၀၁၉ iPhone မိသားစုအတွက် CAD renders တွေပဲ ဖြစ်ပါတယ်။

iPhone XIR render ကတော့ လေးထောင့်ပုံစံ ကင်မရာဘောင်ကို ကျောဘက်မှာ တည်ဆောက်ထားပြီး အဓိကင်မရာအပေါ်မှာ ဒုတိယကင်မရာ တပ်ဆင်ထားတဲ့ပုံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ iPhone XR ကို အဆင့်မြှင့်တင်ထားတဲ့ ပုံစံဖြစ်သလို အရင်ကတည်းက ထွက်ပေါ်နေခဲ့တဲ့ ပုံစံတွေနဲ့လည်း တူညီနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Notch ပုံစံကလည်း အပြောင်းအလဲမရှိဘဲ ခပ်ကြီးကြီးဖြစ်ပြီး မျက်နှာပြင်အရွယ်အစားကိုတော့ 6.1-inch အဖြစ် ဖော်ပြထားတာပါ။

iPhone XI နဲ့XI Max တွေကတော့ ကျောဘက်မှာ ကင်မရာသုံးလုံးစီနဲ့ပါ။ ဒီ Renders တွေကလည်း အရင်တုန်းက ပေါ်ပေါက်ခဲ့ဖူးတဲ့ ပုံတွေအတိုင်းပါပဲ။ လေးထောင့် ကင်မရာဘောင်ထဲမှဦ Wide-angle, Telephoto lenses နဲ့ အဓိက ကင်မရာတို့ရှိနေမှာ ဖြစ်ပါတယ်။ ရှေ့ဘက်ကတော့ နောက်ဆုံးမျိုးဆက် iPhone တွေနီးပါးလောက်ကို ပုံစံတူနေတာပါ။ မျက်နှာပြင်အကျယ်တွေကတော့ XI Max အတွက် 6.5-inch ဖြစ်ပြီး XI အတွက် 5.8-inch အဖြစ် တွေ့မြင်ရပါတယ်။

Ref: GSMArena