[Zawgyi]

Apple ဟာ MacBook Pro ေတြကို အဆင့္ျမႇင့္တင္ခဲ့သလို Keyboard ေတြကိုလည္း ပိုေကာင္းေအာင္ မြမ္းမံခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၉ ဒုတိယႏွစ္ဝက္မွာ မိတ္ဆက္ေပးမယ့္ iPhone ေတြအတြက္လည္း အရွိန္ျမႇင့္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

၂၀၁၉ WWDC မွာ iOS 13 ကို ေၾကညာဖို႔ ႀကိဳးစားေနတာေၾကာင့္ Apple သုံးစြဲသူေတြနဲ႔ နည္းပညာမီဒီယာေတြက အာ႐ုံစိုက္ေနတုန္း Eurasian Economic Community (EEC) မွာ Apple iPhone သစ္ ၁၁ မ်ိဳးနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ေပၚေပါက္လာပါေတာ့တယ္။

၂၀၁၉ မွာ Apple အေနနဲ႔ iPhone သစ္ ၁၁ မ်ိဳး ထုတ္မွာမဟုတ္ဘူးဆိုတာကို လူတိုင္းနီးပါး သိၾကမွာပါ။ ဟုတ္ပါတယ္၊ EEC မွာေတြ႕ျမင္ရတဲ့ ၁၁ မ်ိဳးဆိုတာ Apple က တူညီတဲ့ဖုန္းေတြကိုမွ မတူညီတဲ့ ဗားရွင္းေတြအတြက္ မတူညီတဲ့ ေမာ္ဒယ္နံပါတ္ေတြ သုံးထားလို႔ ျဖစ္ပါတယ္။

၂၀၁၉ iPhones ေတြဟာ ၿပီးခဲ့တဲ့ ၂၀၁၈ iPhones ေတြနဲ႔ လုံးဝကို ကြဲျပားျခားနားသြားမွာ မဟုတ္ပါဘူး။ အေသးစား ေျပာင္းလဲမႈ အေတာ္မ်ားမ်ားနဲ႔ ထြက္လာမွာျဖစ္ပါတယ္။ သိသာတဲ့ေျပာင္းလဲမႈကေတာ့ ေက်ာဘက္ကင္မရာ သုံးလုံး ေျပာင္းလဲတပ္ဆင္လာမွာျဖစ္သလို iPhone XR ကိုဆက္ခံမယ့္ဖုန္းအတြက္ ေက်ာဘက္ကင္မရာ ႏွစ္လုံးျဖစ္လာမွာပါပဲ။

လက္ရွိေတြ႕ျမင္ရတဲ့ စာရင္းမွာေတာ့ စမတ္ဖုန္းေတြအားလုံးဟာ iOS 12 ပဲ ေမာင္းႏွင္ထားတာေၾကာင့္ အံ့အားသင့္စရာေတာ့ မရွိပါဘူး။ ဒီဇိုင္းပိုင္းနဲ႔ပတ္သက္ရင္လည္း Renders ေတြ အႀကိမ္ႀကိမ္ထြက္ေပၚခဲ့ၿပီးသားမို႔ ေထြေထြထူးထူး ေျပာစရာေတာ့ မရွိပါဘူး။ ေျပာစရာဆိုလို႔ အဆင့္ျမင့္လာတဲ့ PI အင္တင္တာ တည္ေဆာက္မႈပါပဲ။

Ref: GSMArena

[Unicode]

၂၀၁၉ iPhone မော်ဒယ်ကုဒ် ၁၁ မျိုးကို ECC အသိအမှတ်ပြုမှု တွေ့မြင်လာရ

Apple ဟာ MacBook Pro တွေကို အဆင့်မြှင့်တင်ခဲ့သလို Keyboard တွေကိုလည်း ပိုကောင်းအောင် မွမ်းမံခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ ဒုတိယနှစ်ဝက်မှာ မိတ်ဆက်ပေးမယ့် iPhone တွေအတွက်လည်း အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

၂၀၁၉ WWDC မှာ iOS 13 ကို ကြေညာဖို့ ကြိုးစားနေတာကြောင့် Apple သုံးစွဲသူတွေနဲ့ နည်းပညာမီဒီယာတွေက အာရုံစိုက်နေတုန်း Eurasian Economic Community (EEC) မှာ Apple iPhone သစ် ၁၁ မျိုးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပေါ်ပေါက်လာပါတော့တယ်။

၂၀၁၉ မှာ Apple အနေနဲ့ iPhone သစ် ၁၁ မျိုး ထုတ်မှာမဟုတ်ဘူးဆိုတာကို လူတိုင်းနီးပါး သိကြမှာပါ။ ဟုတ်ပါတယ်၊ EEC မှာတွေ့မြင်ရတဲ့ ၁၁ မျိုးဆိုတာ Apple က တူညီတဲ့ဖုန်းတွေကိုမှ မတူညီတဲ့ ဗားရှင်းတွေအတွက် မတူညီတဲ့ မော်ဒယ်နံပါတ်တွေ သုံးထားလို့ ဖြစ်ပါတယ်။

၂၀၁၉ iPhones တွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ iPhones တွေနဲ့ လုံးဝကို ကွဲပြားခြားနားသွားမှာ မဟုတ်ပါဘူး။ အသေးစား ပြောင်းလဲမှု အတော်များများနဲ့ ထွက်လာမှာဖြစ်ပါတယ်။ သိသာတဲ့ပြောင်းလဲမှုကတော့ ကျောဘက်ကင်မရာ သုံးလုံး ပြောင်းလဲတပ်ဆင်လာမှာဖြစ်သလို iPhone XR ကိုဆက်ခံမယ့်ဖုန်းအတွက် ကျောဘက်ကင်မရာ နှစ်လုံးဖြစ်လာမှာပါပဲ။

လက်ရှိတွေ့မြင်ရတဲ့ စာရင်းမှာတော့ စမတ်ဖုန်းတွေအားလုံးဟာ iOS 12 ပဲ မောင်းနှင်ထားတာကြောင့် အံ့အားသင့်စရာတော့ မရှိပါဘူး။ ဒီဇိုင်းပိုင်းနဲ့ပတ်သက်ရင်လည်း Renders တွေ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့ပြီးသားမို့ ထွေထွေထူးထူး ပြောစရာတော့ မရှိပါဘူး။ ပြောစရာဆိုလို့ အဆင့်မြင့်လာတဲ့ PI အင်တင်တာ တည်ဆောက်မှုပါပဲ။

Ref: GSMArena