[Zawgyi]

၂၀၁၉ iPhone ေတြနဲ႔ပတ္သက္ၿပီး ထြက္ေပၚလာတဲ့ ေကာလာဟလသတင္းတစ္ခုကေတာ့ Notch မႀကိဳက္သူေတြအတြက္ စိတ္ပ်က္စရာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ပုံစံအမ်ိဳးမ်ိဳးနဲ႔ Notch ေတြ ဆက္ၿပီးပါဝင္ေနဦးမယ္ဆိုတဲ့ သတင္းေၾကာင့္ ျဖစ္ပါတယ္။

၂၀၁၈ ထုတ္ iPhone XS, XS Max, XR စတာေတြမွာ ႀကီးမားက်ယ္ျပန႔္တဲ့ Notch ေတြ ပါဝင္ေနခဲ့တဲ့အတြက္ ဒီဇိုင္းပိုင္းနဲ႔ ဆန္းသစ္တီထြင္မႈပိုင္းမွာ အစဥ္အလာရွိခဲ့တဲ့ iPhone ေတြအတြက္ ေျပာစရာျဖစ္ခဲ့ပါတယ္။ လာမယ့္ မ်ိဳးဆက္သစ္ဖုန္းေတြမွာေတာ့ Notch ေတြေပ်ာက္သြားမယ္လို႔ ေမွ်ာ္လင့္ေနၾကေပမယ့္ ထြက္ေပၚလာတဲ့ Prototypes မွာက Notch နဲ႔ပဲျဖစ္တယ္လို႔ သိရပါတယ္။

ေနာက္ထပ္ေကာလာဟလတစ္ခုကေတာ့ မ်ိဳးဆက္သစ္ iPhone ေတြမွာ USB Type-C ေတြ ပါဝင္လာမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ကိုယ္ထည္ႀကံ့ခိုင္မႈပိုင္းကို ပိုၿပီး အဆင့္ျမႇင့္တင္ထားမွာျဖစ္တာေၾကာင့္ အလြယ္တကူ အပြန္းအစင္း မျဖစ္ေပၚေတာ့ဘူးလို႔ ဆိုပါတယ္။

Apple ဟာ ၂၀၁၉ iPhone ေတြမွာ အေရာင္ေ႐ြးခ်ယ္မႈပိုင္းမွာ အေရာင္တစ္မ်ိဳးကို ေလွ်ာ့ခ်ထုတ္လုပ္သြားမယ္လို႔ သိရေပမယ့္ ဘယ္အေရာင္လဲဆိုတာေတာ့ တိတိက်က် မသိရေသးပါဘူး။ လာမယ့္ မ်ိဳးဆက္သစ္ iPhone မွာ ေက်ာဘက္ကင္မရာ သုံးလုံးတပ္ဆင္ထားမယ္လို႔ ဆိုၾကေပမယ့္ လတ္တေလာမွာေတာ့ ေကာလာဟလအဆင့္မွာပဲ ထားရွိရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

၂၀၁၉ iPhone တွေမှာလည်း Notch တွေ ဆက်ရှိနေဦးမယ်လို့ သတင်းထွက်ပေါ်လာ

၂၀၁၉ iPhone တွေနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ကောလာဟလသတင်းတစ်ခုကတော့ Notch မကြိုက်သူတွေအတွက် စိတ်ပျက်စရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ပုံစံအမျိုးမျိုးနဲ့ Notch တွေ ဆက်ပြီးပါဝင်နေဦးမယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါတယ်။

၂၀၁၈ ထုတ် iPhone XS, XS Max, XR စတာတွေမှာ ကြီးမားကျယ်ပြန့်တဲ့ Notch တွေ ပါဝင်နေခဲ့တဲ့အတွက် ဒီဇိုင်းပိုင်းနဲ့ ဆန်းသစ်တီထွင်မှုပိုင်းမှာ အစဉ်အလာရှိခဲ့တဲ့ iPhone တွေအတွက် ပြောစရာဖြစ်ခဲ့ပါတယ်။ လာမယ့် မျိုးဆက်သစ်ဖုန်းတွေမှာတော့ Notch တွေပျောက်သွားမယ်လို့ မျှော်လင့်နေကြပေမယ့် ထွက်ပေါ်လာတဲ့ Prototypes မှာက Notch နဲ့ပဲဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်ကောလာဟလတစ်ခုကတော့ မျိုးဆက်သစ် iPhone တွေမှာ USB Type-C တွေ ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ထည်ကြံ့ခိုင်မှုပိုင်းကို ပိုပြီး အဆင့်မြှင့်တင်ထားမှာဖြစ်တာကြောင့် အလွယ်တကူ အပွန်းအစင်း မဖြစ်ပေါ်တော့ဘူးလို့ ဆိုပါတယ်။

Apple ဟာ ၂၀၁၉ iPhone တွေမှာ အရောင်ရွေးချယ်မှုပိုင်းမှာ အရောင်တစ်မျိုးကို လျှော့ချထုတ်လုပ်သွားမယ်လို့ သိရပေမယ့် ဘယ်အရောင်လဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ လာမယ့် မျိုးဆက်သစ် iPhone မှာ ကျောဘက်ကင်မရာ သုံးလုံးတပ်ဆင်ထားမယ်လို့ ဆိုကြပေမယ့် လတ်တလောမှာတော့ ကောလာဟလအဆင့်မှာပဲ ထားရှိရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena