[Zawgyi]

ဒီရက္ပိုင္းအတြင္း ထြက္ေပၚလာတဲ့ ၂၀၁၉ iPhone အေၾကာင္း သတင္းေတြထဲမွာ ကင္မရာအေၾကာင္းကလည္း စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။ ဒီႏွစ္ထဲမွာ ထြက္မယ့္ iPhone ေတြဟာ ကင္မရာပိုင္းမွာ ပိုေကာင္းလာမယ္ဆိုတာက အရင္ထြက္ေပၚထားတဲ့ သတင္းေတြေၾကာင့္ သိၿပီးသား ျဖစ္မွာပါ။

ေက်ာဘက္မွာ ကင္မရာသုံးလုံးပါဝင္လာမယ္ဆိုတာ အားလုံးသိေပမယ့္ အခုသတင္းမွာေတာ့ Selfie ကင္မရာပိုင္းမွာပါ ပိုေကာင္းေအာင္ ျပင္ဆင္ထားတယ္ဆိုတာကို သိလိုက္ရပါတယ္။ ဒီသတင္းဟာ Apple နဲ႔ ပတ္သက္တဲ့ သတင္းေတြကို ကာလာၾကာရွည္ ေစာင့္ၾကည့္ေရးသားေလ့ရွိတဲ့ Ming Chi Kuo က ေဖာ္ျပခဲ့သလို၊ TF International Securities နဲ႔ Mac Rumors တို႔လို မီဒီယာေတြကလည္း ေရးသားေဖာ္ျပျခင္း ခံခဲ့ပါတယ္။

လက္ရွိ iPhone lineup ဟာ 7MP အေရွ႕ကင္မရာေတြနဲ႔ပါ။ Resolution က အမ်ားႀကီးမဟုတ္ေပမယ့္ iPhone နဲ႔ ႐ိုက္တဲ့ Selfie ပုံရိပ္ေတြက အရည္အေသြးေကာင္းေတြဆိုတာ ျငင္းလို႔မရပါဘူး။ အခုေတာ့ Apple ဟာ Selfie ကင္မရာကို 12MP resolution အျဖစ္ ျမႇင့္တင္ေတာ့မယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ လာမယ့္ မ်ိဳးဆက္သစ္ iPhone ေတြရဲ႕ Selfie ပုံရိပ္မွာ ဘာေတြပိုေကာင္းၿပီး ဘယ္လိုေတြ ေျပာင္းလဲသြားမလဲဆိုတာက စိတ္ဝင္တစား ေစာင့္ၾကည့္ရဦးမွာပါ။

Pixel ပိုတိုးလိုက္သလိုပဲ (ပိုက်ယ္တဲ့ အပါခ်ာအတြက္) ပိုျမန္တဲ့ Lens လည္း ဖန္တီးလာဖြယ္ ရွိပါတယ္။ ဒါေၾကာင့္ အလင္းေရာင္အားနည္းတဲ့ အခ်ိန္၊ ေနရာေတြမွာ Selfie ႐ိုက္ကူးရင္ ဘယ္ေလာက္ထိ ပိုေကာင္းလာႏိုင္မလဲဆိုတာလည္း ေစာင့္ၾကည့္ခ်င္စရာပါ။ Selfie ကင္မရာေတြရဲ႕ အရည္အေသြးပိုင္း ေျပာင္းလဲမယ္ဆိုေပမယ့္ ဒီဇိုင္းပိုင္းကေတာ့ အရင္အတိုင္း အေျပာင္းအလဲမရွိဘူးလို႔ ဆိုပါတယ္။

ေက်ာဘက္ကင္မရာ သုံးလုံးကလည္း ပိုေကာင္းတဲ့ အဆင့္ျမႇင့္တင္မႈေတြနဲ႔ ထြက္ေပၚလာမွာပါ။ iPhone XR ကို ဆက္ခံမယ့္ အမ်ိဳးအစားက ဒုတိယ ကင္မရာတစ္လုံး ထပ္ေပါင္းထည့္ေပးလာမယ္လို႔ ဆိုပါတယ္။ အဓိက (wide) ကင္မရာကလည္း ပိုမ်ားတဲ့ Pixel ေတြနဲ႔ျဖစ္လာၿပီး Low-light စြမ္းေဆာင္ရည္ ပိုေကာင္းလာမယ္လို႔ Kuo က ေျပာပါတယ္။

iPhone XS နဲ႔ XS Max လို ပိုျမင့္တဲ့ ေမာ္ဒယ္ေတြမွာေတာ့ (Ultra-wide) တတိယ ကင္မရာ ပါဝင္လာမယ္လို႔ သိရပါတယ္။ ေက်ာဘက္မွာ ကင္မရာသုံးလုံး တပ္ဆင္တာကေတာ့ ၿပီးခဲ့တဲ့ႏွစ္ဝက္ေလာက္ကတည္းက ေရပန္းစားခဲ့တာ ဆိုေပမယ့္ Apple ရဲ႕ iPhone ေတြမွာေတာ့ လာမယ့္မ်ိဳးဆက္မွ ေတြ႕ျမင္ရဖြယ္ ရွိေနတာပါ။

Ref: GSMArena

[Unicode]

၂၀၁၉ iPhone တွေမှာ အနောက်ကင်မရာအပြင် Selfie ကင်မရာပိုင်းလည်း ပိုကောင်းလာမယ်

ဒီရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ ၂၀၁၉ iPhone အကြောင်း သတင်းတွေထဲမှာ ကင်မရာအကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒီနှစ်ထဲမှာ ထွက်မယ့် iPhone တွေဟာ ကင်မရာပိုင်းမှာ ပိုကောင်းလာမယ်ဆိုတာက အရင်ထွက်ပေါ်ထားတဲ့ သတင်းတွေကြောင့် သိပြီးသား ဖြစ်မှာပါ။

ကျောဘက်မှာ ကင်မရာသုံးလုံးပါဝင်လာမယ်ဆိုတာ အားလုံးသိပေမယ့် အခုသတင်းမှာတော့ Selfie ကင်မရာပိုင်းမှာပါ ပိုကောင်းအောင် ပြင်ဆင်ထားတယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီသတင်းဟာ Apple နဲ့ ပတ်သက်တဲ့ သတင်းတွေကို ကာလာကြာရှည် စောင့်ကြည့်ရေးသားလေ့ရှိတဲ့ Ming Chi Kuo က ဖော်ပြခဲ့သလို၊ TF International Securities နဲ့ Mac Rumors တို့လို မီဒီယာတွေကလည်း ရေးသားဖော်ပြခြင်း ခံခဲ့ပါတယ်။

လက်ရှိ iPhone lineup ဟာ 7MP အရှေ့ကင်မရာတွေနဲ့ပါ။ Resolution က အများကြီးမဟုတ်ပေမယ့် iPhone နဲ့ ရိုက်တဲ့ Selfie ပုံရိပ်တွေက အရည်အသွေးကောင်းတွေဆိုတာ ငြင်းလို့မရပါဘူး။ အခုတော့ Apple ဟာ Selfie ကင်မရာကို 12MP resolution အဖြစ် မြှင့်တင်တော့မယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့် မျိုးဆက်သစ် iPhone တွေရဲ့ Selfie ပုံရိပ်မှာ ဘာတွေပိုကောင်းပြီး ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာက စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာပါ။

Pixel ပိုတိုးလိုက်သလိုပဲ (ပိုကျယ်တဲ့ အပါချာအတွက်) ပိုမြန်တဲ့ Lens လည်း ဖန်တီးလာဖွယ် ရှိပါတယ်။ ဒါကြောင့် အလင်းရောင်အားနည်းတဲ့ အချိန်၊ နေရာတွေမှာ Selfie ရိုက်ကူးရင် ဘယ်လောက်ထိ ပိုကောင်းလာနိုင်မလဲဆိုတာလည်း စောင့်ကြည့်ချင်စရာပါ။ Selfie ကင်မရာတွေရဲ့ အရည်အသွေးပိုင်း ပြောင်းလဲမယ်ဆိုပေမယ့် ဒီဇိုင်းပိုင်းကတော့ အရင်အတိုင်း အပြောင်းအလဲမရှိဘူးလို့ ဆိုပါတယ်။

ကျောဘက်ကင်မရာ သုံးလုံးကလည်း ပိုကောင်းတဲ့ အဆင့်မြှင့်တင်မှုတွေနဲ့ ထွက်ပေါ်လာမှာပါ။ iPhone XR ကို ဆက်ခံမယ့် အမျိုးအစားက ဒုတိယ ကင်မရာတစ်လုံး ထပ်ပေါင်းထည့်ပေးလာမယ်လို့ ဆိုပါတယ်။ အဓိက (wide) ကင်မရာကလည်း ပိုများတဲ့ Pixel တွေနဲ့ဖြစ်လာပြီး Low-light စွမ်းဆောင်ရည် ပိုကောင်းလာမယ်လို့ Kuo က ပြောပါတယ်။

iPhone XS နဲ့ XS Max လို ပိုမြင့်တဲ့ မော်ဒယ်တွေမှာတော့ (Ultra-wide) တတိယ ကင်မရာ ပါဝင်လာမယ်လို့ သိရပါတယ်။ ကျောဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်တာကတော့ ပြီးခဲ့တဲ့နှစ်ဝက်လောက်ကတည်းက ရေပန်းစားခဲ့တာ ဆိုပေမယ့် Apple ရဲ့ iPhone တွေမှာတော့ လာမယ့်မျိုးဆက်မှ တွေ့မြင်ရဖွယ် ရှိနေတာပါ။

Ref: GSMArena