[Zawgyi]

Apple ရဲ႕ ၂၀၁၉ iPhone ေတြမွာ 3D Camera ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားႏိုင္ေၾကာင္း Bloomberg ရဲ႕ အဆိုမ်ားအရ သိရပါတယ္။ အလားတူ Huawei ကလည္း သူတို႔ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းေတြမွာ အဆိုပါနည္းပညာကို ထည့္သြင္းအသုံးျပဳလာႏိုင္ပါတယ္။

 

လက္ရွိမွာေတာ့ Apple, Google နဲ႔ Samsung စတဲ့ စမတ္ဖုန္းကုမၸဏီႀကီးေတြက 3D Camera Sensor ေတြကို Sony ဆီက ဝယ္ယူအသုံးျပဳေနရတာ ျဖစ္ပါတယ္။ Bloomberg ရဲ႕ အဆိုမ်ားအရ ဒီႏွစ္ ၂၀၁၉ခုႏွစ္မွာ စမတ္ဖုန္းကုမၸဏီေတာ္ေတာ္မ်ားမ်ားက 3D Camera ေတြကို အသုံးျပဳလာၾကမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ Sony ဘက္ကလည္း စမတ္ဖုန္းကုမၸဏီႀကီးေတြရဲ႕ ဝယ္လိုအားကို အမွီလိုက္ႏိုင္ဖို႔အတြက္ 3D Camera Sensor ထုတ္လုပ္မႈလုပ္ငန္းကို အရွိန္ျမႇင့္တင္ေဆာင္႐ြက္သြားေတာ့မွာ ျဖစ္ပါတယ္။

3D Camera Sensor ေတြကို Apple ရဲ႕ iPhone X, iPhone XS , iPhone XR နဲ႔ Oppo R17 Pro စတဲ့ စမတ္ဖုန္းေတြမွာ ျမင္ေတြ႕ႏိုင္ပါတယ္။ 3D Camera Sensor ေတြကို iPhone ေတြမွာ Face ID စနစ္အတြက္ အသုံးျပဳထားတာျဖစ္ၿပီး Oppo R17 Pro မွာေတာ့ 3D ဓာတ္ပုံေတြဖန္တီးႏိုင္ဖို႔အတြက္ တပ္ဆင္ထားတာျဖစ္ပါတယ္။ အသစ္ထြက္ရွိလာမယ့္ Sony ရဲ႕ 3D Camera Sensor ေတြဟာ အရင္မ်ိဴးဆက္ေတြထက္ ပိုမိုတိုးတက္ေကာင္းမြန္လာမွာ ျဖစ္ၿပီး 3D ပုံရိပ္ထုဆစ္တဲ့ေနရာမွာလည္း ပိုမိုတိက်မွန္ကန္လာမယ္လို႔ သိရပါတယ္။

Ref : Indianexpress

[Unicode]

၂၀၁၉ iPhone တွေရဲ့ ကျောဘက်မှာ 3D Camera တွေပါဝင်လာဖွယ်ရှိ

Apple ရဲ့ ၂၀၁၉ iPhone တွေမှာ 3D Camera ကို နောက်ကျောဘက်မှာ တပ်ဆင်ထားနိုင်ကြောင်း Bloomberg ရဲ့ အဆိုများအရ သိရပါတယ်။ အလားတူ Huawei ကလည်း သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေမှာ အဆိုပါနည်းပညာကို ထည့်သွင်းအသုံးပြုလာနိုင်ပါတယ်။

လက်ရှိမှာတော့ Apple, Google နဲ့ Samsung စတဲ့ စမတ်ဖုန်းကုမ္ပဏီကြီးတွေက 3D Camera Sensor တွေကို Sony ဆီက ဝယ်ယူအသုံးပြုနေရတာ ဖြစ်ပါတယ်။ Bloomberg ရဲ့ အဆိုများအရ ဒီနှစ် ၂၀၁၉ခုနှစ်မှာ စမတ်ဖုန်းကုမ္ပဏီတော်တော်များများက 3D Camera တွေကို အသုံးပြုလာကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Sony ဘက်ကလည်း စမတ်ဖုန်းကုမ္ပဏီကြီးတွေရဲ့ ဝယ်လိုအားကို အမှီလိုက်နိုင်ဖို့အတွက် 3D Camera Sensor ထုတ်လုပ်မှုလုပ်ငန်းကို အရှိန်မြှင့်တင်ဆောင်ရွက်သွားတော့မှာ ဖြစ်ပါတယ်။

3D Camera Sensor တွေကို Apple ရဲ့ iPhone X, iPhone XS , iPhone XR နဲ့ Oppo R17 Pro စတဲ့ စမတ်ဖုန်းတွေမှာ မြင်တွေ့နိုင်ပါတယ်။ 3D Camera Sensor တွေကို iPhone တွေမှာ Face ID စနစ်အတွက် အသုံးပြုထားတာဖြစ်ပြီး Oppo R17 Pro မှာတော့ 3D ဓာတ်ပုံတွေဖန်တီးနိုင်ဖို့အတွက် တပ်ဆင်ထားတာဖြစ်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Sony ရဲ့ 3D Camera Sensor တွေဟာ အရင်မျိူးဆက်တွေထက် ပိုမိုတိုးတက်ကောင်းမွန်လာမှာ ဖြစ်ပြီး 3D ပုံရိပ်ထုဆစ်တဲ့နေရာမှာလည်း ပိုမိုတိကျမှန်ကန်လာမယ်လို့ သိရပါတယ်။

Ref : Indianexpress