Unicode

Apple ရဲ့ iPad တွေဟာ သာမန် Tablet တစ်ခုဆိုတာထက် ကွန်ပျူတာတစ်ခုနီးပါး စွမ်းဆောင်နိုင်တဲ့ Tablet တွေဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီအတွက် Apple ကနေ iPad Pro အပါအဝင် iPad တွေအတွက် Smart Keyboard တွေကိုပါ First Party အနေနဲ့ရော Third-party အနေနဲ့ပါ ရောင်းချနေတာဖြစ်ပါတယ်။

အခုအချိန်မှာတေ့ာ DigiTimes ရဲ့ ပြောကြားချက်အရ Apple ကနေ iPad Pro အတွက် Smart Keyboard အသစ်ကို စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ အဆိုပါ Smart Keyboard ဟာ 16″ MacBook Pro မှာ အသုံးပြုထားတဲ့ Keyboard လိုမျိုးပဲ Scissor Mechanism ကို အသုံးပြုလာမှာဖြစ်ပါတယ်။

အဆိုပါ Scissor Switch ပါဝင်လာတဲ့ Smart Keyboard ဟာဆိုရင် ဒီနှစ်မှာ အသစ်ထွက်ရှိလာမယ့် iPad Pro တွေမှာ ပါဝင်လာမှာဖြစ်ပြိးတော့ Apple အနေနဲ့ ပိုပြီး Professional တွေအတွက် အဓိကထားလာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Smart Keyboard မှာ TouchPad ပါဝင်လာမလားဆိုတာကိုတော့ အတည်ပြုထားခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ 2018 iPad Pro တွေဟာ စွမ်းဆောင်ရည်အရမ်းကောင်းမွန်တဲ့ A12X Bionic Chip ကို အသုံးပြုထားတဲ့အတွက် အခုအသစ်မိတ်ဆက်မယ့် iPad Pro 2020 Model ဟာလည်း 13″ MacBook Pro နီးပါး စွမ်းဆောင်ရည်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

Ref – Phone Arena

Zawgyi

Apple ရဲ႕ iPad ေတြဟာ သာမန္ Tablet တစ္ခုဆိုတာထက္ ကြန္ပ်ဴတာတစ္ခုနီးပါး စြမ္းေဆာင္ႏိုင္တဲ့ Tablet ေတြဆိုရင္လည္း မမွားပါဘူး။ အဲ့ဒီအတြက္ Apple ကေန iPad Pro အပါအဝင္ iPad ေတြအတြက္ Smart Keyboard ေတြကိုပါ First Party အေနနဲ႔ေရာ Third-party အေနနဲ႔ပါ ေရာင္းခ်ေနတာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတ့ာ DigiTimes ရဲ႕ ေျပာၾကားခ်က္အရ Apple ကေန iPad Pro အတြက္ Smart Keyboard အသစ္ကို စတင္ေဆာင္႐ြက္ေနၿပီလို႔ သိရပါတယ္။ အဆိုပါ Smart Keyboard ဟာ 16″ MacBook Pro မွာ အသုံးျပဳထားတဲ့ Keyboard လိုမ်ိဳးပဲ Scissor Mechanism ကို အသုံးျပဳလာမွာျဖစ္ပါတယ္။

အဆိုပါ Scissor Switch ပါဝင္လာတဲ့ Smart Keyboard ဟာဆိုရင္ ဒီႏွစ္မွာ အသစ္ထြက္ရွိလာမယ့္ iPad Pro ေတြမွာ ပါဝင္လာမွာျဖစ္ၿပိးေတာ့ Apple အေနနဲ႔ ပိုၿပီး Professional ေတြအတြက္ အဓိကထားလာမွာျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း အဆိုပါ Smart Keyboard မွာ TouchPad ပါဝင္လာမလားဆိုတာကိုေတာ့ အတည္ျပဳထားျခင္းမရွိေသးပါဘူး။

ဘာပဲျဖစ္ျဖစ္ ၿပီးခဲ့တဲ့ 2018 iPad Pro ေတြဟာ စြမ္းေဆာင္ရည္အရမ္းေကာင္းမြန္တဲ့ A12X Bionic Chip ကို အသုံးျပဳထားတဲ့အတြက္ အခုအသစ္မိတ္ဆက္မယ့္ iPad Pro 2020 Model ဟာလည္း 13″ MacBook Pro နီးပါး စြမ္းေဆာင္ရည္ရွိလာမယ္လို႔ ခန္႔မွန္းထားပါတယ္။

Ref – Phone Arena