[Zawgyi]

၂၀၁၉ iPhone ေတြကေတာ့ အားလုံးသိၾကတဲ့အတိုင္း ၿပီးခဲ့တဲ့ ၂၀၁၈ iPhone ေတြကို ဒီဇိုင္းပိုင္း ျပဳျပင္မႈ အနည္းငယ္သာ ျပဳလုပ္မွာ ျဖစ္ပါတယ္။ ရာခိုင္ႏႈန္းအေတာ္မ်ားမ်ားက အရင္ေမာ္ဒယ္ေဟာင္းအတိုင္း ရွိေနမွာျဖစ္ၿပီး ကင္မရာပိုင္းနဲ႔ Feature ပိုင္းကသာ အဓိက ေျပာင္းလဲသြားမွာပါ။

ဒါေၾကာင့္ ၂၀၁၉ iPhone ေတြဟာ အရင္အတိုင္း Notch ႀကီးႀကီးနဲ႔ပဲ ထြက္လာဦးမွာပါ။ ၿပိဳင္ဘက္ေတြက မ်က္ႏွာျပင္ျပည့္ စမတ္ဖုန္းေတြထုတ္ေနခ်ိန္မွာ Apple အေနနဲ႔ iPhone ေတြေပၚက Notch ႀကီးေတြကို ဘယ္ေတာ့မွ ဖယ္ထုတ္မွာလဲ ဆိုတဲ့ေမးခြန္းက iPhone အမာခံပရိသတ္အေတာ္မ်ားမ်ားလည္း သိခ်င္ေနၾကမယ္ ထင္ပါတယ္။

Apple နဲ႔ပတ္သက္ၿပီး ေစာင့္ၾကည့္ေလ့လာရာမွာ လူသိမ်ားတဲ့ Ming-Chi Kuo ကေတာ့ လာမယ့္ ၂၀၂၀ iPhone ေတြမွာ Smaller TrueDepth modules သုံးလာမွာျဖစ္တဲ့အတြက္ Notch ေတြ ေသးငယ္သြားမယ္လို႔ ဆိုပါတယ္။ ဒီဖုန္းေတြဟာ ေသးငယ္တဲ့ အေရွ႕ကင္မရာဆင္ဆာနဲ႔ လာမွာျဖစ္တဲ့အတြက္ Notch အတြက္ ေနရာကိုလည္း ေလွ်ာ့ခ်ႏိုင္မွာျဖစ္တယ္လို႔ Kuo က ရွင္းလင္းေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ ၂၀၂၀ iPhone ေတြမွာေတာ့ 7P Lens စနစ္ ပါဝင္လာဖို႔ ေမွ်ာ္လင့္ရတယ္လို႔လည္း Kuo က ဆိုပါတယ္။ Apple အေနနဲ႔ သူတို႔ရဲ႕iPhone ေတြေပၚမွာ Notch ေတြ လုံးဝဖယ္ထုတ္လိုက္ဖို႔ ၂၀၂၁ အထိ ေစာင့္ဆိုင္းရဖြယ္ရွိတယ္လို႔ Kuo က ေရးသားထားပါေသးတယ္။ စိတ္ဝင္စားစရာေကာင္းတာကေတာ့ တ႐ုတ္ေဈးကြက္အတြက္ UD fingerprint နဲ႔ iPhone ေတြ ထုတ္သြားမယ္လို႔ သတင္းထြက္ေပၚထားတာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

၂၀၂၀ iPhone တွေမှာ Notch တွေသေးလာမှာဖြစ်ပြီး မျက်နှာပြင်ပြည့်ဖြစ်ဖို့တော့ ၂၀၂၁ အထိစောင့်ရနိုင်

၂၀၁၉ iPhone တွေကတော့ အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ၂၀၁၈ iPhone တွေကို ဒီဇိုင်းပိုင်း ပြုပြင်မှု အနည်းငယ်သာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ရာခိုင်နှုန်းအတော်များများက အရင်မော်ဒယ်ဟောင်းအတိုင်း ရှိနေမှာဖြစ်ပြီး ကင်မရာပိုင်းနဲ့ Feature ပိုင်းကသာ အဓိက ပြောင်းလဲသွားမှာပါ။

ဒါကြောင့် ၂၀၁၉ iPhone တွေဟာ အရင်အတိုင်း Notch ကြီးကြီးနဲ့ပဲ ထွက်လာဦးမှာပါ။ ပြိုင်ဘက်တွေက မျက်နှာပြင်ပြည့် စမတ်ဖုန်းတွေထုတ်နေချိန်မှာ Apple အနေနဲ့ iPhone တွေပေါ်က Notch ကြီးတွေကို ဘယ်တော့မှ ဖယ်ထုတ်မှာလဲ ဆိုတဲ့မေးခွန်းက iPhone အမာခံပရိသတ်အတော်များများလည်း သိချင်နေကြမယ် ထင်ပါတယ်။

Apple နဲ့ပတ်သက်ပြီး စောင့်ကြည့်လေ့လာရာမှာ လူသိများတဲ့ Ming-Chi Kuo ကတော့ လာမယ့် ၂၀၂၀ iPhone တွေမှာ Smaller TrueDepth modules သုံးလာမှာဖြစ်တဲ့အတွက် Notch တွေ သေးငယ်သွားမယ်လို့ ဆိုပါတယ်။ ဒီဖုန်းတွေဟာ သေးငယ်တဲ့ အရှေ့ကင်မရာဆင်ဆာနဲ့ လာမှာဖြစ်တဲ့အတွက် Notch အတွက် နေရာကိုလည်း လျှော့ချနိုင်မှာဖြစ်တယ်လို့ Kuo က ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀ iPhone တွေမှာတော့ 7P Lens စနစ် ပါဝင်လာဖို့ မျှော်လင့်ရတယ်လို့လည်း Kuo က ဆိုပါတယ်။ Apple အနေနဲ့ သူတို့ရဲ့iPhone တွေပေါ်မှာ Notch တွေ လုံးဝဖယ်ထုတ်လိုက်ဖို့ ၂၀၂၁ အထိ စောင့်ဆိုင်းရဖွယ်ရှိတယ်လို့ Kuo က ရေးသားထားပါသေးတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ တရုတ်ဈေးကွက်အတွက် UD fingerprint နဲ့ iPhone တွေ ထုတ်သွားမယ်လို့ သတင်းထွက်ပေါ်ထားတာပဲ ဖြစ်ပါတယ်။

Ref: GSMArena