Apple ဟာ iPhone SE အသစ်ကို ဒီနွေဦးမှာ မိတ်ဆက်တော့မယ်လို့ သတင်းကြီးနေပါတယ်။ နွေဦးရာသီဟာ မတ်လ ၂၀ ရက်နေ့ကနေ ဇွန်လ ၂၁ ရက်နေ့ကြားဖြစ်တာကြောင့် ဒီအချိန်အတောအတွင်း တရားဝင်မြင်တွေ့ရမယ်လို့ ဆိုနိုင်ပါတယ်။ ဒီဟန်းဆက်နဲ့ပတ်သက်ပြီး သေချာတာကတော့ 5G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်မယ် ဆိုတာပါပဲ။

Display Supply Chain Consultants CEO Ross Young ရဲ့ အဆိုအရ ၂၀၂၂ အတွက် iPhone SE သစ်ကို SE+ 5G လို့ နာမည်ပေးမှာဖြစ်ပြီး 4.7-inch LCD Display နဲ့ပဲ မြင်တွေ့ရမယ်လို့ သိရပါတယ်။ ဒါကြောင့် iPhone SE3 ရဲ့ဒီဇိုင်းပိုင်းဟာ SE (2020) ရဲ့ ဒီဇိုင်းအတိုင်းပဲဆိုတဲ့ ကောလာဟလက မှန်ကန်လာဖွယ် ရှိနေပါတယ်။

Ross Young ရဲ့ Twitter post အရ လာမဲ့ ၂၀၂၃/၂၄ ခုနှစ်ထုတ် iPhone SE သစ် (SE4) တွေကိုတော့ 5.7-inch Display အဖြစ် မြင်တွေ့ရဖွယ် ရှိပါတယ်။ ဒါ့အပြင် အဆိုပါအချိန်မှာ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ လျော့ကျနေမယ်ဆိုရင် (အကယ်၍ BOE သာ ဒီမျက်နှာပြင်တွေအတွက် ထောက်ပံ့ခွင့်ရမယ်ဆိုရင်တော့) မျက်နှာပြင်ဟာ OLED ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

ကောလာဟလတွေအရ iPhone SE+ 5G ရဲ့ Home Button အောက်မှာ Fingerprint scanner ရှိနေမယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ 12MP ကင်မရာတစ်လုံးပဲ ရှိနေမယ်လို့ ဆိုပါတယ်။ အခုအချိန်အထိတော့ iPhone SE+ ရဲ့ Specs တွေနဲ့ပတ်သက်ပြီး တရားဝင်သိရတာမျိုး မရှိသေးတာကြောင့် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena