၂၀၂၂ ခုနှစ်ဟာ စမတ်ဖုန်းလောကအတွက် ထင်ရှားတဲ့ ပြောင်းလဲမှုတွေမရှိခဲ့ပေမယ့် မြန်မာနိုင်ငံစျေးကွက်မှာတော့ ထူးခြားချက်တချို့ရှိနေခဲ့ပါတယ်။ အခုလိုမျိုး ထူးခြားမှုတွေထဲမှာ စမတ်ဖုန်းတွေရဲ့ Design ပိုင်း၊ Camera ပိုင်းတွေတင်မဟုတ်ဘဲ Battery နဲ့ Fast Charging ပိုင်းတွေပါ ပါဝင်ခဲ့ပါတယ်။

အရင်ဆုံးအနေနဲ့ Design ပိုင်းမှာဆိုရင် ယခင်တုန်းကနဲ့ယှဥ်ရင် ၂၀၂၂ ခုနှစ်မှာ ထွက်ရှိထားတဲ့ စမတ်ဖုန်းတွေမှာ ထင်ရှားတဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ Trend တစ်ခုရှိလာခဲ့ပါတယ်။ ဒါကတော့ စမတ်ဖုန်းတော်တော်များများဟာ ယခင်နှစ်တွေက လူကြိုက်များခဲ့တဲ့ Curved Display နဲ့ ဘေးဘောင်တွေကို ခုံးထားတဲ့ ဒီဇိုင်းတွေအစား ဘေးဘောင်တွေကို Flat ပြုလုပ်ထားတဲ့ Design တွေကို ပြောင်းလဲအသုံးပြုလာခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Flat Design နဲ့ ထွက်ရှိလာတဲ့စမတ်ဖုန်းတွေဟာ အများစုအနေနဲ့ Flagship ဖုန်းတွေပြီးတော့ Mid Range နဲ့ High End စျေးကွက်မှာတော့ Flagship တွေနဲ့ ယှဥ်ရင် ဒီလိုမျိုး Design ပိုင်းမှာ Trend ဘက်ကို ဦးစားပေးထားတာ နည်းပါးတယ်လို့ ပြောလို့ရပါတယ်။ အများစုဟာ ယခင်နှစ်တွေတုန်းကအတိုင်းပဲ Camera Design ပိုင်းနဲ့ Gradient Color တွေကိုပဲ အာရုံစိုက်တာကို တွေ့ရပါတယ်။

ဒါပေမယ့် OPPO ကနေ မြန်မာနိုင်ငံအတွင်းမှာ မိတ်ဆက်ခဲ့တဲ့ F21 Pro ဖုန်းကတော့ ထူးထူးခြားခြား Design ပိုင်းကို Flagship ဖုန်းတစ်လုံးအတိုင်းပဲ သေချာအာရုံစိုက်ထားတာကို တွေ့ရပါတယ်။ OPPO F21 Pro ဖုန်းရဲ့ Sunset Orange အရောင်မှာဆိုရင် လက်ရှိ စမတ်ဖုန်းတွေမှာ တစ်ကြိမ်မှ အသုံးပြုထားခြင်းမရှိသေးတဲ့ Fiberglass-Leather Design ကို အသုံးပြုထားခဲ့ပါတယ်။

အခုလိုမျိုး OPPO F21 Pro မှာ အသုံးပြုထားတဲ့ Fiberglass-Leather Design ဟာဆိုရင် ကိုင်ထားတဲ့အချိန်မှာ တကယ့် Vegan Leather Material တစ်ခုကို ကိုင်ထားရသလိုမျိုး Premium Feeling ကို ခံစားရစေမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သာမန် Glass သို့မဟုတ် Polycarbonate Body တွေကို အသုံးပြုတာထက် ပိုပြီး အကြမ်းခံ၊ ပေါ့ပါးစေမှာဖြစ်ပါတယ်။ ဒါကြောင့် OPPO F21 Pro ဖုန်းဟာ အလွန်ပါးလွှာပေါ့ပါးနေပြီး အလေးချိန် 175g နဲ့ အထူကလည်း 7.49mm အထိ ပါးလွှာနေတာဖြစ်ပါတယ်။ ဒါကိုမှ လက်ရှိအချိန်မှာ Trend ဖြစ်နေတဲ့ Flat Frame တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ Retro ဆန်ပြီး Design ပိုင်းမှာ ထူးခြားနေတာဖြစ်ပါတယ်။

OPPO F21 Pro ဖုန်းမှာပဲ စမတ်ဖုန်းတွေရဲ့ ကင်မရာစျေးကွက်မှာ ထူးထူးခြားခြားဖြစ်ခဲ့တဲ့ Feature ၁ ခုကိုလည်း ထည့်သွင်းထားပါသေးတယ်။ ဒါကတော့ Micro Lens Camera Setup ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ အဆိုပါ Micro Lens Camera Setup ဟာဆိုရင် သာမန်ဖုန်းတွေအများစုမှာ ထည့်သွင်းထားတဲ့ Macro Lens Camera တွေကနေ လုံးဝကွဲထွက်ထားပြီး အရာဝတ္ထုတွေကို အနုစိတ်မြင်ကွင်းနဲ့ ရိုက်ကူးနိုင်စေမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အခုလိုမျိုး ရိုက်ကူးနိုင်ဖို့အတွက် Sensor ဟာ အလင်းရောင်ကောင်းကောင်းရရှိဖို့ လိုအပ်ပြီးတော့ OPPO အနေနဲ့ ဒါကို ဖြေရှင်းဖို့အတွက် Micro Lens Camera ဘေးပတ်လည်မှာ Notification Light အနေနဲ့ပါ အသုံးပြုနိုင်တဲ့ Orbit Light ကို ထည့်သွင်းပေးထားတာကလည်း တကယ်ကို စမတ်ဖုန်းတစ်လုံးအနေနဲ့ အထင်ကြီးဖို့ကောင်းသွားပါတယ်။

နောက်ထပ်လည်း စမတ်ဖုန်းတိုင်းလိုလိုမှာ အလွန်မြန်ဆန်တဲ့ Fast Charging နည်းပညာတွေကို အပြိုင်အဆိုင်ထည့်သွင်းလာတာကလည်း ၂၀၂၂ ခုနှစ်ရဲ့ ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ အခုနောက်ပိုင်း ထွက်ရှိတဲ့ စမတ်ဖုန်းတွေဆိုရင် Fast Charging ပိုင်းကို ပိုပြီးအာရုံစိုက်လာကြသလို တစ်ဖက်မှာလည်း Fast Charging စနစ်ကြောင့် Battery ထိခိုက်နိုင်မှုကို ကာကွယ်ပေးဖို့အထိပါ ဆောင်ရွက်လာကြတာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် Redmi Note 11 Pro တို့၊ POCO M4 Pro တို့မှာ ပိုကောင်းပြီး အဆင့်မြင့်တဲ့ အမြန်အားသွင်းစနစ်တွေ ထည့်သွင်းလာတာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် OPPO ရဲ့ A76 ဆိုရင်လည်း A Series ဖုန်းတွေထဲမှာ SUPERVOOC Fast Charging စနစ်ကို ပထမဆုံးအနေနဲ့ ထည့်သွင်းပေးထားတာဖြစ်ပြီး အခုလိုမျိုး Mid Range ဖုန်းတွေမှာလည်း ယခင်တုန်းက Flagship ဖုန်းတွေမှာပဲ အသုံးပြုတဲ့ Fast Charging စနစ်တွေ ပါဝင်လာနိုင်တယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။

ဒီလိုမျိုး အသုံးပြုသူတွေအတွက် အားသာချက်တစ်ခုကတော့ Mid Range နဲ့ Budget Level တန်းဖုန်းတွေကလည်း Display ပိုင်းနဲ့ Design ပိုင်းမှာ ယခင်တုန်းကထက် ပိုမိုကောင်းမွန်လာတာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းထွက်တဲ့ nova Y90 တို့၊ Camon 18P တို့ဆိုရင် Punch-hole Display ကို အသုံးပြုထားပြီး ဒီဇိုင်းပိုင်းမှာလည်း အရမ်းမိုက်တဲ့အထဲ ပါပါတယ်။ နောက်ပြီး OPPO ကနေ ထုတ်လုပ်ထားတဲ့ A55 ဖုန်းမှာဆိုရင် Selfie Camera ကို Waterdrop Notch အစား Punch-hole Design နဲ့ ထုတ်လုပ်ထားသလို Design ပိုင်းအရလည်း တခြားသော စျေးပိုမိုများပြားတဲ့ High End ဖုန်းတွေနဲ့ ပိုပြီး ဆင်တူသွားပြီဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ Screen Size ကြီးမားပြီး ပါးလွှာပေါ့ပါးတဲ့ 3D Sleek Design နဲ့ စမတ်ဖုန်းတွေလည်း ရေပန်းစားပါတယ်။ အဆိုပါ စမတ်ဖုန်းတွေထဲမှာ OPPO A16k လည်းအပါအဝင် ဖြစ်ပါတယ်။

OPPO ရဲ့ Million Winners Monsoon Promotion ကို ဇွန်လ ၂၆ ကနေ ဇူလိုင်လ ၃၁ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ OPPO Myanmar Facebook Page မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။