Xiaomi က ဒီနှစ်ထဲမှာ တဖြည်းဖြည်းနဲ့ အနောက်နိုင်ငံတွေကို ခြေလှမ်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စပိန်နိုင်ငံမှာ Xiaomi Store တစ်ခုဖွင့်ခဲ့ပြီး အခု ရုရှားနိုင်ငံမှာလည်း ၂၄ နာရီဝယ်ယူနိုင်တဲ့ Xiaomi Flagship Store ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Xiaomi Flagship Store ဟာ မော်စကိုမြို့ရဲ့ မြို့လယ်ကောင်မှာ တည်ရှိနေတာဖြစ်ပြီး ဝယ်ယူမယ့်သူတွေဟာ အချိန်မရွေးလာရောက်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခု ဒီဆိုင်မှာ Xiaomi Earphone, 4K Camera, Mi Bedside Lamp အပါအဝင် Devices အများအပြားကို ရောင်းချတယ်ဆိုပေမယ့် စမတ်ဖုန်းတွေအနေနဲ့ကတော့ Mi Mix 2 နဲ့ Mi A1 ဖုန်းတွေပဲရောင်းချသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။