မသမာသူတွေဟာ Deep Fake နည်းပညာနဲ့ ဟောင်ကောင် ကုမ္ပဏီ ၁ ခုရဲ့ ဘဏ္ဍာရေး အကြီးအကဲ (CFO) ရဲ့ လူပုံအတု ပြုလုပ်ကာ Video Call ကနေ ဒေါ်လာ ၂၅ သန်း ( ဟောင်ကောင် ဒေါ်လာ သန်း ၂၀၀) လိမ်လည်သွားခဲ့ပါတယ်။ သူတို့ ဘယ်လို လိမ်လည်သွားသလဲဆိုတာ အောက်မှာ ဆက်လက် လေ့လာကြည့်ရအောင်။
မသမာသူတွေဟာ CFO လို့ ဟန်ဆောင်ကာ ဘဏ္ဍာရေး ဌာနမှ လက်အောက် ဝန်ထမ်းထံ လျှို့ဝှက်စွာ ငွေထုတ်မယ့် အကြောင်းနဲ့ Video Call မှာ တွေ့မယ်လို့ စာပို့ခဲ့ပါတယ်။ အစကတော့ ဝန်ထမ်းက လျှို့ဝှက်စွာ ငွေထုတ်မယ်ဆိုတဲ့ စကားကို သံသယရှိခဲ့ပါတယ်။
ဒါပေမယ့် Video Call မှာ သူတို့ရဲ့ အကြီးအကဲ CFO ကို တွေ့တဲ့အခါ တကယ့် လူ အစစ်နဲ့ တူနေသလို အသံကလည်း တူနေတဲ့အတွက် ယုံကြည်သွားခဲ့ပါတယ်။ CFO လို့ ဟန်ဆောင်ထားသူက ပြည်တွင်း ဘဏ်အကောင့် ၅ ခုထံ ဟောင်ကောင် ဒေါ်လာ သန်း ၂၀၀ လွှဲပေးဖို့ ပြောခဲ့ပါတယ်။ ဝန်ထမ်းကလည်း CFO အစစ်လို့ ထင်ပြီး လွှဲပေးခဲ့ပါတယ်။ နောက်ကျမှ ဝန်ထမ်းဟာ ရုံးချုပ်ကို မေးကြည့်တဲ့အခါကျမှ ဒါဟာ လိမ်လည်သွားမှန်းသိခဲ့ပါတယ်။
မသမာသူတွေဟာ CFO ရဲ့ Video တွေကို ဒေါင်းလုပ်ရယူထားပြီး AI ကို အသုံးပြုကာ လူအတုနဲ့ အသံအတုတွေကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ AI နည်းပညာဟာ လူသားတွေအတွက် များစွာ အကျိုးပြုနိုင်သလို ဒုက္ခလည်း ပေးနိုင်တယ်ဆိုတာ တင်ပြလိုက်ပါတယ်။
Ref : interestingengineering