Huawei ရဲ့ P Series စမတ်ဖုန်းအသစ်ဖြစ်လာမယ့် Huawei P20 ဒါမှမဟုတ် P11 စမတ်ဖုန်းထုတ် တရားဝင်ကြေငြာမယ့် အချိန်ပေါ်ထွက်လာပြီပဲဖြစ်ပါတယ်။ Huawei ကနေ နောက်ထပ် P Series စမတ်ဖုန်းအသစ်ကို ပြင်သစ်နိုင်ငံ ပါရီမြို့မှာ လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ပြသမှာပဲဖြစ်ပါတယ်။

အခု Launch Event အတွက် Invitation Letter ကိုလည်း Huawei က ထုတ်ပေးခဲ့ပြီး အဆိုပါ Invitation Letter မှာ P20 ဖုန်းမှာ ပါဝင်လာမယ့် ကင်မရာ ၃ လုံးကို ရည်ညွန်းတဲ့အနေနဲ့ “OOO” ဆိုပြီး ရေးထားထားပြီး “SEE MOOORE WITH AI” ဆိုပြီးလည်း ကင်မရာ ၃ လုံးပါဝင်လာမယ်ဆိုတာကို တရားဝင်ထုတ်ဖော်လိုက်ပြီဖြစ်ပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရတော့ Huawei ကနေ Huawei P20 Plus ၊ Huawei P20 နဲ့ Huawei P20 Lite ဆိုပြိး စမတ်ဖုန်း ၃ မျိုးထုတ်လုပ်သွားမှာဖြစ်ပြီး ညဏ်ရေတု AI နည်းပညာတွေပါဝင်တဲ့ Huawei ရဲ့ ကိုယ်ပိုင် Kirin 970 Processor ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

Huawei ရဲ့ အခု P20 စမတ်ဖုန်းမှာ ပါဝင်လာမယ့် ကင်မရာ ၃ လုံးဟာ လက်ရှိအချိန်မှာ တီထွင်ဆန်းသစ်မှုအရှိဆုံး နည်းပညာဖြစ်သွားနိုင်ပြီး 40MP Camera ၊ 5X Zoom နဲ့ အခြားသော Features မျိုးစုံကိုပါ အသုံးပြုနိုင်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။