လူအများစုက ဂိမ်းကစားရတာကို သဘောကျကြပါတယ်။ ကွန်ပျူတာဂိမ်းပဲဖြစ်ဖြစ်၊ PS4 လိုမျိုး ဂိမ်းစက်တွေနဲ့ပဲဖြစ်ဖြစ် ယုတ်စွ ကိုယ့်မိုလ်ဘိုင်းဖုန်းမှာပဲဖြစ်ဖြစ် ဂိမ်းဆော့ဖူးကြမှာပါ။ လူတစ်ဦးနဲ့တစ်ဦးပေါ်မှုတည်ပြီးတော့ ဆော့ကစားတတ်တဲ့ဂိမ်းအမျိုးအစားတူညီမှာမဟုတ်ပေမယ့် ဂိမ်းဆော့တဲ့သူတွေတိုင်းမှာ တူညီတဲ့အရာတစ်ခုရှိပါတယ်။

အဲ့ဒါကတော့ ကိုယ်က ဂိမ်းဆော့တဲ့နေရာမှာ ညံ့ဖျင်းတယ်ဆိုတာကို ဝန်မခံတတ်တာဖြစ်ပါတယ်။ ကိုယ့်သူငယ်ချင်းတွေထဲမှာ ဂိမ်းမှာ ညံ့ပြီးတော့ အဲ့ဒါကို ငြင်းဆိုနေတဲ့သူရှိမရှိဆိုတာကို အခုပြောသွားမယ့် အချက် ၄ ချက်နဲ့ ကိုက်ညီမှုရှိမရှိဆိုတာကို စစ်ကြည့်လိုက်ပါဦး။

1. အမြဲတမ်းတစ်ခုမဟုတ်တစ်ခုကို အကြောင်းပြနေခြင်း

တကယ်တော်တဲ့ဂိမ်မာတစ်ယောက်ဟာ ဆော့နေတဲ့ဂိမ်းရှုံးသွားရင်တောင်မှ ဘာကြောင့်ရှုံးသွားတယ်ဆိုတာကို သိရှိပြီးတော့ ကိုယ့်အမှားကို ပြန်လည်ပြင်ဆင်ဖို့ကြိုးစားသူတွေဖြစ်ပါတယ်။ ဒါပေမယ့် ညံ့ဖျင်းတဲ့ဂိမ်မာတွေကတော့ Keyboard မကောင်းလို့၊ လိုင်းကျလို့ စသဖြင့် အမြဲတမ်းတစ်ခုမဟုတ်တစ်ခုကို အကြောင်းပြနေတတ်ကြပါတယ်။

2. ဂိမ်းတစ်ခုကို စဆော့ရင် Easy နဲ့ပဲဆော့ခြင်း

ဂိမ်းတစ်ခုကို ကောင်းကောင်းဆော့ချင်တဲ့ ဂိမ်မာအစစ်တွေက များသောအားဖြင့် အမြဲတမ်း Normal ဒါမှမဟုတ် Hard နဲ့ပဲ ဂိမ်းသစ်တွေကို စဆော့ကြတာပါ။ အဲ့ဒါက သူတို့ကိုယ်သူတို့ယုံကြည်ချက်ရှိတာကိုဖော်ပြတာဖြစ်ပြီး ညံ့ဖျင်းတဲ့ဂိမ်မာတွေကတော့ ယုံကြည်ချက်မရှိတဲ့အတွက် အလွယ်ကူဆုံးဖြစ်တဲ့ Easy Mode နဲ့ပဲ ဂိမ်းတွေကို အရင်စမ်းဆော့လေ့ရှိပါတယ်။

3. ဂိမ်းတွေက သင့်အတွက် ပိုပိုပြီး ခက်ခဲလာတယ်

ဂိမ်းတွေဟာ ဘယ်လိုဂိမ်းမျိုးပဲဖြစ်ဖြစ် နောက်ပိုင်းထွက်လာတဲ့ ဂိမ်းသစ်တွေက Graphic ပိုင်းတွေ၊ ဂိမ်းဆော့ကစားတဲ့နေရာတွေမှာ ပိုပိုပြီးကောင်းမွန်လာအောင် ပြုလုပ်ထားတဲ့အတွက် ဂိမ်းဆော့ရတာပိုပြီး အသက်ဝင်စိတ်လှုပ်ရှားစရာဖြစ်လာပါတယ်။ ဒါက စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်တဲ့ ဂိမ်မာအစစ်တွေအတွက်တော့ ကိစ္စမရှိပေမယ့် ညံ့ဖျင်းတဲ့ဂိမ်မာတွေကတော့ ဂိမ်းအသစ်တွေက ပိုပိုပြီးခက်ခဲလာတယ်ဆိုပြီး ဂိမ်းအဟောင်းတွေပဲ ပြန်ဆော့နေတတ်ပါတယ်။

4. အခြားသူတွေနဲ့ အတူဆော့ကစားဖို့ အမြဲငြင်းဆိုနေလေ့ရှိတယ်

ဒါကတော့ အမြဲတမ်းလိုလိုမြင်နေရတဲ့အရာတစ်ခုဖြစ်ပါတယ်။ Online Game တစ်ခုခုကို အတူဆော့ဖို့ခေါ်လိုက်တိုင်း အတူမဆော့တဲ့သူအများစုဟာ တကယ့် Online Player တွေနဲ့ မဆော့ရဲပဲ Single Player အနေနဲ့ပဲ တစ်ယောက်ထဲဆော့ကစားတတ်တဲ့ ညံ့ဖျင်းတဲ့ဂိမ်မာတစ်ယောက်ဖြစ်ပါတယ်။

သင့်သူငယ်ချင်းတွေထဲမှာ ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ ညံ့ဖျင်းတဲ့ ဂိမ်မာတွေသိရင် Mention ခေါ်လိုက်ပါဦး။