Samsung ထုတ်ကုန် အနည်းဆုံး ၄၃ ခုဟာ Best of Innovation Award အပါအဝင် CES 2022 Innovation Award ရသွားပါတယ်။ ဇန်နဝါရီလ ၄ ရက်နေ့မှာ CES ကို ကျင်းပမှာ ဖြစ်ပြီး Samsung Electronics ရဲ့ Visual Display Business အကြီးအကဲနဲ့ ဥက္ကဌ Jong-Hee Han က မိတ်ဆက်စကား ပြောကြားမှာပါ။ Award ရသွားတဲ့ ထုတ်ကုန်တွေကို လေ့လာကြည့်ရအောင်။

Samsung Galaxy Z Flip3 Bespoke Edition အသစ်ဟာ Best of Innovation Award ရသွားပါတယ်။ ရိုးရိုး မော်ဒယ်ဟာလည်း Digital Imaging/Photography နဲ့ Mobile Devices & Accessories Category တွေမှာ ရွေးချယ်ခံရပါတယ်။

43 Samsung products win CES 2022 Innovation Awards, including the Z Flip3 Bespoke edition

Digital Imaging/Photography နဲ့ Mobile Devices & Accessories Category မှာ နောက်ထပ် ရွေးချယ်ခံရတာက Galaxy Z Fold3 ဖြစ်ပြီး ဒုတိယ Category မှာ Samsung Galaxy A Series လည်း ပါပါတယ်။

Wearable အကြောင်းပြောရရင် Galaxy Watch4 Series ဟာ Health & Fitness နဲ့ Wearable Technologies Category တွေမှာ ရွေးချယ်ခံရပြီး Galaxy Buds2 ဟာ Headphones & Personal Audio Category မှာ အနိုင်ရသွားပါတယ်။ Accessories Category မှာ ရွေးချယ်ခံရတာက SmartTag+ ဖြစ်ပါတယ်။

43 Samsung products win CES 2022 Innovation Awards, including the Z Flip3 Bespoke edition

Samsung ရဲ့ ISOCELL HP1 ဟာ ဖုန်းတွေအတွက် ပထမဆုံး 200MP 0.64 µm Image Sensor ဖြစ်ပြီး Embedded Technologies Category မှာ အနိုင်ရသွားပါတယ်။ အဲဒီ Sensor ပါတဲ့ ပထမဆုံး ဖုန်းတွေ ထွက်လာဖို့ လအနည်းငယ်လိုသေးတယ်လို့ သတင်းပေါက်ကြားနေပါတယ်။

43 Samsung products win CES 2022 Innovation Awards, including the Z Flip3 Bespoke edition

Samsung Galaxy Book Pro 360 Laptop ဟာ Computer Hardware & Components Category မှာ ရွေးချယ်ခံရပါတယ်။ Samsung ရဲ့ Home Appliance တချို့ဟာလည်း Award ရရှိသွားပြီး အဲဒီအထဲမှာ 30” Smart Induction Built-in Cooktop နဲ့ Top Load Washer တို့ ပါဝင်ပါတယ်။

Ref : gsmarena