စမတ်ဖုန်း နယ်ပယ်က ထွက်လာတဲ့ သတင်းတွေအရ ဒီနှစ် ဒုတိယ နှစ်ဝက်အတွင်းမှာ 5G Chip တွေ ဈေးသက်သာလာပြီး 4G Chip တွေ ဈေးတက်လာပါတယ်။ အံ့အားသင့်စရာကောင်းပေမယ့် ရှင်းပြရရင် 4G Chip တွေ ဝယ်လိုအား ရှိနေသေးပေမယ့် ပစ္စည်းလုံလောက်မှု မရှိလို့ ဖြစ်ပါတယ်။

4G chip prices to rise, 5G hardware is getting cheaper

စမတ်ဖုန်း ကုမ္ပဏီတွေဟာ Qualcomm , MediaTek ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး 5G Hardware တွေကို တိုးမြှင့်ထုတ်လုပ်ဖို့ အာရုံစိုက်နေပြီး Qualcomm နဲ့ MediaTek တို့ဟာ ဈေးနှုန်း အစားစား ရှိတဲ့ 5G Hardware တွေကို ထုတ်လုပ်ပေးနေပါတယ်။ အဲဒီအတွက် 4G Hardware တွေ ထုတ်လုပ်တာ လျော့နည်းလာပြီး ဝယ်လိုအားကို မဖြည့်ပေးနိုင်တဲ့အတွက် 4G Chip တွေ ဈေးတက်လာတာ ဖြစ်ပါတယ်။

5g technology chip creative image_picture free download  401727594_lovepik.com

လက်ရှိ စမတ်ဖုန်းဈေးကွက်မှာ အများစု နေရာယူထားတာက 4G Devices တွေ ဖြစ်ပြီး 5G Devices တွေရဲ့ ဈေးဟာ 4G Device တွေနဲ့ သိပ်မကွာတော့တာတွေ့ရပါတယ်။ တရုတ်က စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက 5G စမတ်ဖုန်း ဝယ်လိုအားဟာ လာမယ့် ၂ နှစ် ၃ နှစ်အထိ တည်ငြိမ်စွာ တိုးတက်လာမှာ ဖြစ်ပြီး ၁ နှစ်ထက် ၁ နှစ် ဝယ်လိုအားဟာ ၂ ဆလောက်တက်လာမယ်လို့ ယုံကြည်နေကြပါတယ်။

လက်ရှိမှာ 5G ဆက်သွယ်မှုရတဲ့ နိုင်ငံတွေဟာ အနည်းငယ်ပဲရှိပါသေးတယ်။ ဒါပေမယ့် လာမယ့် အချိန်အနည်းငယ်အတွင်း ကမ္ဘာအဝန်း 5G ကွန်ရက်တွေ တော်တော် အားကောင်းလာမှာ သေချာပါတယ်။ 5G စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းတွေဟာလည်း တဖြည်းဖြည်းကျဆင်းလာမှာ ဖြစ်ပါတယ်။

Ref : gsmarena