Android ဖုန်းတွေမှာ အားနည်းချက်အနေနဲ့ အသုံးပြုမှုများပြားလာတာနဲ့အမျှ Storage ထဲမှာ လိုတဲ့ File တွေနဲ့ မလိုတဲ့ File တွေ ပြည့်နှက်နေပြီး ကိုယ်တကယ် အသုံးလိုတဲ့အချိန်ကြရင် Storage က အမြဲပြည့်နေတာကို ကြုံဖူးကြမှာပါ။

အဲ့ဒီအတွက် ကိုယ့် Android ဖုန်းထဲက Storage တွေကို စစ်ဆေးပြီး မလိုအပ်တဲ့ App တွေကို ဖယ်ရှားပေးနိုင်တဲ့ App ၅ ခုကိုဖော်ပြပေးလိုက်ပါတယ်။

1. Files Go

Google ကကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Files Go App ကတော့ အကောင်းဆုံးလို့ ပြောရမှာပါ။ Storage ကို အခြားသော လိုအပ်တဲ့ File တွေမပါဝင်ပဲ အကောင်းဆုံးဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

2. Avast Clean-up & Boost

Avast ဟာ လက်ရှိအချိန်မှာ နာမည်ကြီး Anti-Virus Cleaner တစ်ခုဖြစ်ပြီးတော့ Android မှာလည်း ကောင်းကောင်းအစွမ်းထက်တဲ့ Cleaner App တစ်ခုပဲဖြစ်ပါတယ်။

3. AVG Cleaner

AVG Cleaner ကတော့ ပုံမှန်အားဖြင့် မမြင်ရတဲ့ Cache File တွေကို ရှင်းလင်းတဲ့နေရာမှာ နာမည်ကြီးပြီး မလိုအပ်တဲ့ Files တွေကို တစ်ချက်နှိပ်ယုံနဲ့ ရှင်းလင်းနိုင်မှာပါ။

4. CCleaner

ကွန်ပျူတာတွေမှာ နာမည်ကြီးတဲ့ CCleaner ဟာ Android ဖုန်းတွေမှာလည်း ကွန်ပျူတာမှာ အလုပ်လုပ်တဲ့အတိုင်းကောင်းကောင်းအလုပ်လုပ်တယ်လို့ ပြောလို့ရပါတယ်။ App Cache, Download Folder နဲ့ အခြားမလိုအပ်တဲ့အရာတွေအကုန်လုံးကို ရှင်းလင်းပေးနိုင်တဲ့အတွက် မဆိုးဘူးလို့ ပြောရမှာပါ။

5. Clean Master

Clean Master App ဟာ Android ဖုန်းတွေ ခေတ်စားလာထဲက ယနေ့အချိန်အထိ အောင်မြင်နေတဲ့ App တစ်ခုဖြစ်ပါတယ်။ အဆိုပါ App ဟာ Storage စားသုံးမှုများပြားတဲ့ Facebook ၊ Messenger လိုမျိုး Social Apps တွေရဲ့ Cache ကို ဖယ်ရှားပေးတဲ့အတွက် တော်တော်လေးကိုအဆင်ပြေတယ်လို့ ပြောရမှာပါ။