Android ဖုန်းတွေဟာ အမြဲတမ်း ပြင်ဆင်နိုင်စွမ်းမြင့်မားတဲ့အတွက် အသုံးပြုသူတွေများပြားနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချို့သော Android ဖုန်းကို ပြင်ဆင်မှုတွေက ဖုန်းကို Root ပြုလုပ်ဖို့ လိုအပ်ပြီးတော့ Root မပြုလုပ်ချင်တဲ့သူတွေအတွက်ကတော့ အဆင်မပြေတာများပါတယ်။ အဲ့ဒီအတွက် ဖုန်းကို Root ပြုလုပ်စရာမလိုအပ်ပဲ ကိုယ်အလိုရှိသလိုပြင်ဆင်နိုင်မယ့် App ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. Fingerprint Quick Action

Fingerprint Scanner ဟာ ယခင်တုန်းက အသုံးပြုနေတဲ့ PIN နံပါတ်တွေနဲ့ Pattern Lock တွေအစား အလွန်လွယ်ကူပြီး မြန်မြန်ဆန်ဆန်အသုံးပြုနိုင်တဲ့ Unlocking Method တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အခု Fingerprint Quick Action App က ဖုန်းကို Unlock လုပ်တာတင်မကပဲ Application တွေကို ဖွင့်နိုင်တာနဲ့ အခြားသော Function တွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

2. Cornerfly/Rounder

အခုနောက်ပိုင်း Flagship ဖုန်းတွေအကုန်လုံးနီးပါးမှာ OLED 18:9 Display တွေကို အသုံးပြုလာကြသလို Screen Display ရဲ့ ဘေးထောင့်လေးတွေကိုလည်း အနည်းငယ်ကွေးထားကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်ဖုန်းရဲ့ Display ကိုလည်း ထောင့်ဘက်တွေမှာ ကွေးနေတာမျိုး လိုချင်တယ်ဆိုရင် အခု App တွေသုံးပြီး ပြင်ဆင်လို့ရပါတယ်။

3. NavBar Animation

Android ဖုန်းကို On Screen Navigation နဲ့ အသုံးပြုနေတယ်ဆိုရင် ဒီ NavBar Animation App ကို အသုံးပြုလိုက်ရုံနဲ့ Navigation Bar ကို နှစ်သက်သလို ပြင်ဆင်နိုင်မှာပါ။

4. All in One Gestures

Android ဖုန်းတွေက ထုတ်လုပ်သူမတူတဲ့အလျောက်အချို့သော Features တွေနဲ့ Screen Gestures တွေကတော့ တူညီမှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် All in One Gestures App က အကောင်းဆုံးအစားထိုးနိုင်တဲ့ App တစ်ခုဖြစ်လာပြီး ကိုယ်လိုချင်သမျှ Gestures တွေကို တစ်နေရာထဲမှာ ပြင်ဆင်နိုင်မှာပါ။

5. Volume Slider

သင့်စမတ်ဖုန်းမှာရှိတဲ့ Volume Keys တွေအလုပ်မလုပ်တော့တာပဲဖြစ်ဖြစ်၊ ခလုတ်တွေက လက်လှမ်းမမှီတဲ့နေရာမှာ ရှိနေလို့ ချက်ချင်း Volume တိုးချင်တာမျိုးဆိုရင် အခု Volume Slider App က အဆင်ပြေမှာပါ။ အခု App ဟာ ဖုန်းရဲ့ ဘယ်ဘက် ဒါမှမဟုတ် ညာဘက် Screen ထောင့်ကနေ ဆွဲချလိုက်ရုံနဲ့ အသုံးပြုနိုင်မှာပါ။