အခုအချိန်မှာ မိုဘိုင်းလ်ဖုန်းတွေနဲ့ အင်တာနက်သုံးရတာ ယခင်ကလိုမဟုတ်တော့ပဲ လွယ်ကူလာပြီဆိုပေမယ့်လည်း ဖုန်းအော်ပရေတာတွေရဲ့ မျိုးစုံနေတဲ့အင်တာနက်အစီအစဉ်တွေကြောင့် ကိုယ်တရက်ကို အင်တာနက်ဘယ်လောက်သုံးနေသလဲဆိုတာကို တွက်ချက်ဖို့ ခက်ခဲလာပါတယ်။ အဲ့ဒီအချိန်မှာ အခုပြောပြသွားမယ့် Application ၅ ခုက သင့်အတွက် အဆင်ပြေစေမှာပါ။

1. My Data Manager

My Data Manager ကတော့ တရက်သုံးခဲ့သမျှ Data တွေကို တနေရာထဲမှာ ပြန်လည်ကြည့်ရှုနိုင်တဲ့အကောင်းဆုံး App တစ်ခုဖြစ်ပြီးတော့ WiFi နဲ့ Mobile Data ကို ခွဲခြားပြီးဖော်ပြပေးမှာဖြစ်ပါတယ်။

2. 3G Watchdog

ဒီ App ကတော့ နာမည်ကို 3G Watchdog လို့ ပေးထားပေမယ့်လည်း 3G Connections တွေကို Data ကောက်တာထက်ပိုပြီး လုပ်နိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ Roaming Data ကို ကောက်ခံနိုင်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။

3. GlassWire

GlassWire ကတော့ သင်တရက်တရက်အသုံးပြုနေတဲ့ Mobile Data တွေကို လှပတဲ့ Graph နဲ့ ဖော်ပြသွားမှာဖြစ်ပြီးတော့ ဘယ်နေ့မှာ သာမန်ထက်ပိုပြီး အင်တာနက်အသုံးပြုဖြစ်လဲဆိုတာကို ချက်ချင်းသိနိုင်မှာဖြစ်ပါတယ်။

4. Data Usage Monitor

အခု Data Usage Monitor ကတော့ ကိုယ်အသုံးပြုချင်တဲ့ Mobile Data Limit ကို သတ်မှတ်ထားနိုင်ပြီးတော့ တစ်ရက်ကို Limit ပြည့်အောင် ဘယ်လောက်အသုံးပြုရမလဲဆိုတာကို ချက်ချင်းသိနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App မှာနောက်ထပ် Feature တစ်ခုအနေနဲ့ Internet Speed တွေကိုပါ ပြသပေးနိုင်ပါတယ်။

5. Internet Speed Meter Lite

အခု App ကိုတော့ မသိတဲ့သူရှားမှာပါ။ ယခင်တုန်းက အင်တာနက် အမြန်နှုန်းကို သိအောင်ပဲ အသုံးပြုခဲ့တဲ့ Application ဟာ ပြင်ဆင်နိုင်စွမ်းနည်းပါးပေမယ့် တနေ့တာအသုံးစရိတ်တွေကို ပြန်လည်သိနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။