စားသောက်ဆိုင်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် ကိုယ်စကားမပြောချင်တဲ့သူတွေနဲ့ စကားပြောနေရတဲ့အချိန်က စိတ်ညစ်စရာအကောင်းဆုံးအချိန်တွေပါ။ အဲ့ဒီအချိန်မှာ ဖုန်းလာရင် ဖုန်းပြောရင်းနဲ့ ရှောင်သွားဖို့ စိတ်ကူးတတတ်တဲ့သူတွေအတွက် အကောင်းဆုံး Fake Call App ၅ ခုကိုဖော်ပြပေးလိုက်ပါတယ်။ Share သွားဖို့ မမေ့နဲ့ဦးနော်။

1. Fake Call – Fake Caller ID

အခု App ကတော့ အချိန်ကြိုတင်သတ်မှတ်ပြီး ဖုန်းခေါ်တာ (ဒါမှမဟုတ်) Message ပို့နိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဖုန်းပြောတဲ့အသံကိုလည်း App ထဲမှာ ပါဝင်တဲ့ အသံတွေကို ရွေးချယ်နိုင်သလို နှစ်သက်သလို Record ပြုလုပ်ပြီးလည်း အသုံးပြုနိုင်ပါသေးတယ်။

2. Face Call & SMS

အခု App ကတော့ ဖုန်းခေါ်ပေးတာတင်မဟုတ်ပဲ ဖုန်းပြောတဲ့အချိန်ကိုပါ ကြိုတင်သတ်မှတ်နိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ အချိန်ကို ၅ စက္ကန့်ကနေ ၁ နာရီအထိ သတ်မှတ်ထားနိုင်တဲ့အတွက် ကိုယ်အလိုရှိသလောက် ဟန်ဆောင်ဖုန်းပြောလို့ရမှာပါ။ ဒါ့အပြင် Message တွေကိုလည်း အချိန်သတ်မှတ်ပြီး ပို့နေအောင် လုပ်လို့ရပါသေးတယ်။

3. Police Fake Call

ဒါကတော့ အရေးကြီးကိစ္စရှိချင်ယောင်ဆောင်တာပဲဖြစ်ြဖစ်၊ စနောက်ဖို့ပဲဖြစ်ဖြစ် သင့်တော်တဲ့ App တစ်ခုပါ။ ဘာဖြစ်လို့လဲဆိုရင် အရေးပေါ် ရဲကားသံတွေကိုပါ နောက်ခံထားပြီး ဖုန်းခေါ်ပေးနိုင်လို့ပဲဖြစ်ပါတယ်။

4. Fake-a-call Free

အခု App ကတော့ သုံးရအလွယ်ကူဆုံး App တစ်ခုဖြစ်ပြီး Caller Name အပြင် Caller Picture ကိုပါ ရွေးချယ်နိုင်ပြီး အချိန်ကိုလည်း နှစ်သက်သလိုထားရှိနိုင်မှာဖြစ်ပါတယ်။

5. Mr. Caller Free (Fake Call & SMS)

ဒီ Application ကတော့ Fake Call ခေါ်ဆိုမယ့်အချိန်ကို ၆ နာရီအထိ ကြိုပြီး Schedule လုပ်ထားနိုင်တဲ့ Application တစ်ုခဖြစ်ပါတယ်။ Fake Call Log ပါ ပါဝင်တဲ့အတွက် ဖုန်းကိုမတော်တဆတစ်ယောက်ယောက်က ယူစစ်တယ်ဆိုရင်တောင် ဘာမှမဖြစ်နိုင်တဲ့ App တစ်ခုပါ။