Android ဖုန်းတွေကိုင်ထားတဲ့သူတိုင်း ဓါတ်ပုံရိုက်တာကို ဝါသနာပါကြမှာပါ။ အခုနောက်ပိုင် Android ဖုန်းတွေကလည်း ကင်မရာတွေတော်တော်လေးကို ကောင်းမွန်လာတော့ ဓါတ်ပုံရိုက်တာတွေက ခေတ်စားလာပါတယ်။ ဒါပေမယ့် ဖုန်းကနေ ရိုက်ပြီးပြီးချင်းပုံကို Facebook ပေါ်တင်တာထက် Edit လုပ်ပြီးတင်ကြတာပိုများပါတယ်။ အဲ့ဒီအတွက် Android အတွက်အကောင်းဆုံး Photo Editor App ၅ ခုကို ဖော်ပြလိုက်ပါတယ်။

1. PicsArt

PicsArt ကတော့ ဓါတ်ပုံကို ပန်းချီကားတစ်ခုလိုမျိုးအထိ ပြင်ဆင်ချင်တဲ့သူတွေ အသုံးပြုသင့်တဲ့ Application တစ်ခုဖြစ်ပါတယ်။ Collages တွေ၊ Magical Effects တွေကိုပါထည့်သွင်းနိုင်တဲ့ Photo Editor App တစ်ခုဖြစ်မှာပါ။

2. Pixlr

Pixlr Application ကတော့ ဓါတ်ပုံတွေကို အချိန်ပေးပြီး မပြင်ချင်တဲ့သူတွေ ဆောင်ထားသင့်တဲ့ Application တစ်ခုဖြစ်မှာပါ။ Built-In ပါဝင်တဲ့ “Auto Fix” Feature က တော်တော်လေးကိုကောင်းကောင်းအလုပ်လုပ်ပြီးတော့ သေချာ Edit လုပ်ချင်တယ်ဆိုရင်လည်း Double Exposure ပုံတွေပါ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

3. PicSay – Photo Editor

ဓါတ်ပုံပေါ်မှာ စာရေးတတ်သူတွေအနေနဲ့ကတော့ PicSay App ကို မသိဘူးဆိုတာ တော်တော်ရှားမှာပါ။ ကိုယ့်စိတ်ကြိုက် စာလုံးတွေရေးတဲ့နေရာမှာ PicSay App က အကောင်းဆုံးဖြစ်နေဆဲပါ။

4. Adobe Photoshop Express

Professional ကျကျ Edit ပြုလုပ်ချင်တယ်ဆိုရင်တော့ Adobe က ထုတ်လုပ်တဲ့ Photoshop Express App အကောင်းဆုံးပါ။ ရှိသမျှ Manual Editing Tools တွေအပြည့်အစုံပါဝင်တဲ့အတွက် ကွန်ပျူတာက Photoshop Software နဲ့ အသုံးပြုနေသလိုဖြစ်နေမှာပါ။

5. Snapseed

Snapseed Application ကလည်း အခုအချိန်မှာ လူသုံးအရမ်းများနေတဲ့ Application တစ်ခုဖြစ်ပြီး Adobe Photoshop Express နဲ့ မတူညီပဲ သုံးရတာလွယ်ကူပြီး Features တွေစုံလင်တဲ့အတွက် အကောင်းဆုံး Photo Editor တစ်ခုလို့တောင်ပြောလို့ရပါတယ်။