ခရီးသွားဖို့ပဲဖြစ်ဖြစ်၊ အိမ်ထဲကနေ အပြင်ထွက်ဖို့ ထီးယူသွားဖို့ လိုမလို သိချင်တာပဲဖြစ်ဖြစ် ရာသီဥတုက ဒီအတိုင်း မိုးပေါ်မော့ကြည့်ရုံနဲ့ ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။ အဲ့ဒီအတွက် Android ဖုန်းတွေမှာ အသုံးပြုနိုင်တဲ့ အတိကျဆုံးဖြစ်နေမယ့် Android Weather App ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. 1Weather

အခု Application ကတော့ အသုံးပြုရလွယ်ကူတာနဲ့ ဒီဇိုင်းလှပတာကြောင့်အသုံးများတာဖြစ်ပြီး ထွက်ရှိခဲ့တဲ့ နှစ်အတော်ကြာအတွင်းမှာ ကောင်းမွန်တဲ့ Review တွေပဲရရှိခဲ့တာဖြစ်ပါတယ်။

2. AccuWeather

AccuWeather App ကလည်း Android ဖုန်းတွေ စတင်ခေတ်စားခဲ့တဲ့အချိန်ထဲက ရှိနေခဲ့တဲ့ Weather App တစ်ခုဖြစ်ပြီး အခုအချိန်အထိ စွမ်းဆောင်ရည်မကျဆင်းသေးပါဘူး။ ဒီ App မှာက မိုးရွာနိုင်ခြေကို မိနစ်တိုင်းမှာတိုင်းတာတဲ့အတွက် အတိကျဆုံးသော ရလဒ်ကို ရရှိမှာပါ။

3. Dark Sky

Dark Sky App ကတော့ စတင်ထွက်ရှိခဲ့တုန်းက ဝေဖန်မှုတွေခံခဲ့ရပေမယ့် အခုအချိန်မှာတော့ Features အများစုကို အခမဲ့ရယူနိုင်သလို သုံးရတာလည်း ပိုပြီးလွယ်သွားတယ်လို့ ပြောလို့ရပါတယ်။

4, Google Weather

ပုံမှန်အားဖြင့် Google Weather App ဟာ Android ဖုန်းတွေမှာ တစ်ပါတည်း ပါဝင်လာပြီးဖြစ်ပါတယ်။ Google ကထုတ်တာဖြစ်တဲ့အတွက် အကုန်လုံး အခမဲ့ဖြစ်သလို Feature တွေလည်း စုံလင်မှာဖြစ်ပါတယ်။

5. NOAA Weather

အဆို NOAA Weather က National Weather Service နဲ့ National Oceanic and Atmospheric Admistration (NOAA) က အသိအမှတ်ပြုထားတဲ့ App ဖြစ်တဲ့အတွက်လုံးဝအသေးစိတ်ချက်အခက်အလက်တွေကအစ တိတိကျကျနဲ့ ဖော်ပြနိုင်မှာဖြစ်ပါတယ်။