အခုနောက်ပိုင်းမှာ ယခင်ခေတ်တွေကနဲ့မတူတော့မယ့် ကလေးငယ်တွေကိုလည်း မိဘတွေက ဖုန်းပေးသုံးလာတတ်ကြပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ကလေးငယ်အများစုကို ဖုန်းပေးထားတယ်ဆိုရင် ဂိမ်းတွေပဲဆော့ကစားတာများပြားပါတယ်။ အဲ့ဒီအတွက် ဖုန်းနဲ့ ဂိမ်းပဲ ကစားနေတဲ့ကလေးငယ်တွေကို ပျော်စရာကောင်းပြီးတော့ ညဏ်ရည်ထက်မြက်စေမယ့် Application ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. Swift Playgrounds

ဒီ Application ကတော့ ကလေးငယ်တွေကို Coding နဲ့ မိတ်ဆက်ပေးချင်တယ်ဆိုရင် အကောင်းဆုံး Application တစ်ခုဖြစ်ပါတယ်။ Coding နဲ့ ပတ်သတ်တဲ့ Command တွေ၊ Functions တွေနဲ့ Loops ပတ်တာတွေကို ထည့်သွင်းထားတယ်ဆိုပေမယ့် အပြင်ပန်းအရတော့ ကလေးငယ်တွေက တဖြည်းဖြည်းခက်ခဲလာတဲ့ ဂိမ်းတစ်ခုကိုဆော့ကစားနေရတယ်လို့ပဲ ယူဆပြီး ဂိမ်းကစားသလို ကစားနေရင်းနဲ့ တဖြည်းဖြည်း ညဏ်ပိုကောင်းလာပါလိမ့်မယ်။

2. Duolingo

ဒီ Application ကတော့ ကလေးငယ်တွေကို ဘာသာစကားအသစ်တွေ သင်ပေးဖို့ စိတ်ကူးနေတယ်ဆိုရင် အကောင်းဆုံးသော Application တစ်ခုဖြစ်မှာဖြစ်ပြီးတော့ ချစ်စရာကောင်းတဲ့ ဌက်ကလေးကနေ ဘာသာစကားအသစ်တွေကို မှတ်မိလွယ်ပြီးစွဲနေအောင် သင်ပေးပါလိမ့်မယ်။

3. Edmodo

ဒီ Application ကတော့ ကလေးငယ်တွေထက် ကလေးငယ်တွေကို စာသင်ပေးနေတဲ့သူတွေ၊ မိဘတွေအတွက်ပိုပြီး အသုံးဝင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီ Application ကနေ ကလေးငယ်တစ်ဦးချင်းစီကို Group တစ်ခုအနေနဲ့လုပ်ထားနိုင်ပြီးတော့ စာမေးတာပဲဖြစ်ဖြစ်၊ Assignment တွေလုပ်ခိုင်းတာပဲဖြစ်ဖြစ်၊ အခြားသော Projects တွေပဲဖြစ်ဖြစ် အချိန်သတ်မှတ်ပြီး လုပ်ခိုင်းနိုင်တာပဲဖြစ်ပါတယ်။

4. Photomath

ဒီ Application ကတော့ အကောင်းဆုံး Calculator App လို့တောင်ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုရင် အပြင်မှာ ကိုယ်မဖြေရှင်းနိုင်တဲ့ သင်္ချာပုစ္ဆာတစ်ခုကို ချရေးလိုက်ပြီး Photomath Application ကနေ Scan ဖတ်လိုက်တာနဲ့ အဆိုပါ ပုစ္ဆာရဲ့အဖြေနဲ့ ဘယ်လိုဖြေရှင်းသွားတယ်ဆိုတာကိုပါ ဖော်ပြသွားမှာပဲဖြစ်ပါတယ်။

5. Quizlet Flashcards

ဒါကတော့ အချိန်သိပ်မပေးချင်ပဲ အကြောင်းအရာမျိုးစုံကို သိရှိလိုတဲ့သူတွေအတွက် အဆင်ပြေတဲ့ Application တစ်ခုပဲဖြစ်ပါတယ်။ Quizlet App မှာ ကျပန်းအနေနဲ့ Flashcard တစ်ခုကိုရွေးချယ်လိုက်ရုံနဲ့ ကိုယ်သိသင့်တဲ့အချက်တွေကို ပြောပြသွားမှာဖြစ်ပါတယ်။ ဒီ Application မှာဆိုရင် Mini Game တစ်ခုလည်း ပါဝင်သေးတယ်နော်။