Android ဖုန်းအသုံးပြုတဲ့သူတွေဟာ Application တွေကို နေရာတကာကနေ ရရှိနိုင်သလို အကုန်လုံးနီးနီးကိုလည်း အခမဲ့နီးပါးရရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူအများစု သွင်းထားတတ်ကြတဲ့ Application တွေက Facebook, Viber လိုမျိုး Social Media Application တွေနဲ့ ဓါတ်ပုံနဲ့ဆိုင်တဲ့ Application တွေပဲ များတယ်လို့ ပြောရမှာပါ။

အဲ့ဒီအတွက် မိတ်ဆွေတို့ဖုန်းမှာ လုံးဝသွင်းထားမှာမဟုတ်တဲ့ အသုံးအဝင်ဆုံး Application ၅ ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

1. Smart Lens

ဒီ Application က ကိုယ့်ဖုန်းကင်မရာကနေ ဓါတ်ပုံရိုက်လိုက်တယ်ဆိုရင် အဆိုပါ ဓါတ်ပုံမှာ ပါဝင်တဲ့စာသားတွေရဲ့ အဓိပ္ပါယ်တွေ၊ ဖုန်းနံပါတ်၊ Email လိပ်စာ စတဲ့ သိရှိနိုင်သလောက် သတင်းအချက်အလက်တွေကို ရှာဖွေပေးမှာဖြစ်ပါတယ်။

2. Measure

Measure Application ကတော့ တစ်ခါတလေတိုင်းတာမှုတွေ ပြုလုပ်ဖို့ လိုအပ်လာရင် ဖုန်းကို ပေတံအဖြစ်ပြောင်းလဲပေးနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တိုင်းတာဖို့ ပေတံမေ့လာတဲ့အချိန်မျိုးမှာ အသုံးဝင်တဲ့ App တစ်ခုဖြစ်မှာပါ။

3. Selvi

Selvi Application ကတော့ Selfie Video တွေကို နှစ်သက်ရာ စာသားနဲ့တကွ ရိုက်ကူးနိုင်တာဖြစ်ပြီးတော့ ဗီဒီယို ရိုက်ကူးနေချိန်မှာ ကိုယ်ပေးချင်တဲ့ Message ကို Screen မှာပေါ်လာတဲ့ စာတန်းတွေကို ရွေးချယ်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင် စာရိုက်တာပဲဖြစ်ဖြစ် ပြုလုပ်ပြီး အကောင်းဆုံးသော ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာပါ။

4. Send Anywhere

Send Anywhere App ကတော့ ကိုယ့်ဖုန်းကနေ အခြားဖုန်းကို File Transfer ပြုလုပ်ချင်ရင် သုံးစွဲသင့်တဲ့ Application တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Send Anywhere က အခြားလုပ်ဆောင်မှုတွေလည်း လုပ်ဆောင်နိုင်ပြီး Direct Wi-Fi ကတစ်ဆင့် ကိုယ့်ဖုန်းမှာပေါ်လာတဲ့ Code နံပါတ်နဲ့ QR Code ကို Scan ဖတ်ပြီး တစ်ဖက် Device မှာ Download ပြုလုပ်နိုင်စေမှာပါ။

5. Pronounce

ဒီတစ်ခါ Application ကတော့ လူတိုင်းနဲ့ အသုံးတည့်မှာပါ။ အင်္ဂလိပ်စာလုံးတစ်ခုခုကို အသံထွက်အမှားနဲ့ ပြောဆိုနေမယ့်အစား ဒီ App ကနေ ကိုယ် အသံထွက်မသေချာတဲ့ စကားလုံးကို ဘယ်လိုအသံထွက်လဲဆိုတာကို အလွယ်တကူရှာဖွေနိုင်မှာပါ။